ဆီအုန်း စိုက်ဧက အမှန် စစ်ဆေးမည်

0
688

တနင်္သာရီတိုင်းအတွင်းရှိ ဆီအုန်းကုမ္ပဏီများသည် ၎င်းတို့စိုက်မည့် ဧရိယာထက် ကျော်လွန်ထားသဖြင့် ဆီအုန်းစိုက်ဧက အမှန်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောကြားသည်။

စက်မှုသီးနှံဖွံဖြိုးရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဧက ၃ သိန်း စိုက်ပျိုးထားသည်ဟု သိရပြီးမြေပြင်တွင်အမှန် တကယ် စိုက်ပျိုးထားခြင်းရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။”တစ်ဦးချင်းရဲ့ စာချုပ်တွေကိုပြန်ကြည့်ရမယ်။ စီမံကိန်းက ဘာတွေခွင့်ပြုထားလဲ။ စည်းမျဉ်းစည်းကမ်းတွေက ဘာတွေရှိလဲ။ အရေးယူသင့်ရင် အရေးယူသွားမယ်”ဟု ၎င်းက ပြောသည်။

ဆီအုန်းစိုက်ရန် မြေဧရိယာ အဆ ပေါင်းများစွာ ယူထားသော်လည်း အများစုမှာ လမ်းနံဘေးမျက်နှာတွင် ဟန်ပြသာ စိုက်ပျိုးကြသည်ဟု ၎င်းက ဆိုသည်။
” ဆီအုန်းစိုက်မယ်ဆိုရင် ဒီနှစ် ဧက ငါးဆယ်စိုက်မယ်ဆိုရင် ဧက ငါးဆယ်ပဲခုတ်။ စိုက်။ နောက်ထပ်ငါး ဆယ်စိုက်မယ်ဆိုရင် နောက်ထပ်ငါး ဆယ်ပဲခုတ်၊ အခုလိုမျိုးမဟုတ်က ဟုတ် က တပြင်လုံးမခုတ်နဲ့ပေါ့” ဟုဝန်ကြီးက ဆိုသည်။

ဆီအုန်းမစိုက်ဘဲ တောခုတ်ခြင်း ကာ သစ်တောပြုန်းတီးပြီး ဒေသခံတိုင်း ရင်းသားများအတွက် ရေအခက်အခဲကြုံ တွေ့နေရကြောင်း ၎င်းက ဆိုသည်။
၎င်းအပြင် မြေဧရိယာ မဆုံးရှုံး စေရန်အတွက် မြေဧရိယာကိုမချဲ့ဘဲ စိုက်ပျိုးဧက နည်းနည်းဖြင့်ဆီအုန်း အထွက်များနိုင်သည့် မျိုးကောင်းမျိုး သန့်များ စိုက်ပျိုးကာအထွက်တိုးအောင် လုပ်ဆောင်ကြရန် ဝန်ကြီးက ဇွန်လ ၁၆ ရက်နေ့တွင် မြိတ်မြို့၊ ပုလဲရတနာ ခန်းမ၌ ပြုလုပ်သည့် ဆီအုန်းကဏ္ဍဖွံဖြိုး ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။

ယင်းသို့ မစစ်ဆေးမီကာလအတွင်း ခွင့်ပြုဧကများတွင် ဟန်ပြသာစိုက် ထားသူများ (ဥပမာ ခွင့်ပြုချက်ရထား သည့် ဧက၂၀တွင်တစ်ဧကသာ စိုက်နေ သူများ)ကို ကျန်မြေများတွင်အပြည့်စိုက် ရန်စည်းရုံးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တနင်္သာရိတိုင်းတွင်း ဆီအုန်းဧက ငါးသိန်းစိုက်ပျိုးရန် လျာထားပြီး လက် ရှိအချိန်အထိ ဧက ၄ သိန်းနီးပါး စိုက် ပျိုးပြီးဖြစ်သည်ဟု စာရင်းဇယားများ အရသိထားသည်ဟု ၎င်းက ပြောသည်။

ကျန်ရှိသည့် ဧက တစ်သိန်းကျော် ကို ထပ်မံခွင့်ပြုရန်မှာ ပြည်ထောင် စုအစိုးရအဖွဲ့အပေါ်တွင် မူတည်ပြီး ဒေသခံများ လက်မခံပါ ကတိုင်းအစိုးရ အနေဖြင့် ပြည်ထောင်စုအစိုးရထံ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
တနင်္သာရီတိုင်းတွင် ဆီအုန်း စီမံကိန်းများကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့သည်။