ခဲတူးလုပ်ငန်းမှ စွန့်ပစ်မြေကြောင့် သောက်သုံးရေခက်

0
450

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန် ခွန်းကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာ အနီးတွင် တရားမဝင် ခဲမဖြူနှင့် အဖြိုက် နက်လုပ်ငန်းများမှ စွန့်ပစ်မြေစာများ ကြောင့် သောက်သုံးရေ အခက်အခဲနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ယင်းကျေးရွာသား တစ်ချို့ ထံမှ သိရသည်။

ယင်းကျေးရွာအနီးတွင် သတ္တု တွင်းလုပ်ငန်းမှ စမ်းသပ်လုပ်ကိုင်ခွင့်ပြု ပေးထားသည့် ကုမ္ပဏီတစ်ချို့အပြင် တရားမဝင်တူးဖော်နေကြသည့် လုပ်ငန်း (ရေဆိုင်း၊ ကုန်းဆိုင်း) များလည်းရှိ နေကြောင်း ရွာသားတစ်ချို့က ဆိုသည်။၂၀၀၈ ခုနှစ်ကတည်းက ခဲလုပ် ငန်းငါးခုဖြင့် စတင်ခဲ့ပြီး ယခုအခါ ရေ ဆိုင်း ကုန်းဆိုင်း နှစ်ခု စလုံး လုပ်ငန်း ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ကြောင်း ကြိမ် ချောင်းရွာသား ဦးကျော်ဋ္ဌေးက ပြောပြ သည်။ချောင်းအတွင်းရှိ ရေအောက်ကြမ်း ပြင်အထိ ပိုက်ဖြင့်မြေများစုပ်ယူကာ ဝါးဖေါင်ပေါ်တွင် ခဲထုတ်ယူခြင်းကို ရေ ဆိုင်းဟုခေါ်ဆိုကြပြီး ချောင်းနံဘေး ကုန်းပေါ်ရှိ မြေသားများကို ရေပန်းများ ဖြင့် ထိုးချပြီးမှ ခဲထုတ်ယူခြင်းကို ကုန်း ဆိုင်းဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

“ချောင်းဘေးနေအိမ်တွေက ချောင်းထဲကရေတွေ သောက်သုံးလို့ မရတော့ ရွာထဲမှာရှိတဲ့ ရေကန်တွေ ကိုအသုံးပြုနေရတယ်}}ဟု ကြိမ်ချောင်း ရွာလယ်နေ အသက် ၄၀ အရွယ် ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။အဆိုပါ ချောင်းသည် ရေချိုး ချောင်းဖြစ်ပြီး ခဲတူးဖော်လုပ်ငန်း ဆိုင်း တစ်ဆိုင်းတွင် ပျမ်းမျှလူဦးရေ ၄ ဦးခန့်ရှိ ကာ ယင်းလုပ်ငန်းများကို အခြားဒေသ များမှ လာရောက်လုပ်ကိုင်နေခြင်းဖြစ် ကြောင်း သိရသည်။” လုပ်ငန်းတွေက တဖြည်းဖြည်း များလာတော့ စွန့်ပစ်မြေတွေကြောင့် ချောင်းအတွင်း ရေများညစ်ညမ်းမှု ရှိလာ ပြီး သောက်သုံးလို့မရတာ သုံးနှစ်ခန့် ရှိနေပါပြီ “ဟု ဦးကျော်ဋ္ဌေးက ပြောသည်။
လက်ရှိလုပ်ကိုင်နေသည့် ခဲမဖြူ နှင့် အဖြိုက်တူးဖော်ခြင်းလုပ်ငန်းများအနက် တရားဝင်ခွင့်ပြုထားသော လုပ်ငန်း များကို ပွင့်လင်းစွာထုတ်ပြန်ရန်၊ တရား မဝင်လုပ်ငန်းများလည် တရားဝင်လုပ် ကိုင်ပြီး စွန့်ပစ်မြေများကို စနစ်တကျ စွန့်ပစ်ရန် လိုလားကြောင်း ရွာသား တချို့က ပြောပြသည်။
သတ္တုတွင်း ဝန်ကြီးဌာနက တရား ဝင်ခွင့်ပြုထားသော လုပ်ငန်းအချို့ရှိပြီး စမ်းသပ်လုပ်ကိုင်ရန်လည်း လုပ်ငန်း အချို့ကို ခွင့်ပြုထားကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

” တရားမဝင် တူးဖော်တာတွေကို ကြားထားပြီးပါပြီ။ ဝန်ကြီးဌာနကိုလည်း ပြန်လည်တင်ပြထားပါတယ်။ အခုထိ အကြောင်းပြန်တာမျိုးမရှိသေးပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ကြိမ်ချောင်းရွာတွင် ခဲတူးဖော် လုပ်ငန်းများအတွက်အစိုးရက တရားဝင် ခွင့်ပြုပေးထားသည့် ကုမ္ပဏီတစ်ခုရှိပြီး လုပ်ငန်းလုပ်ကွက် ၃ ကွက်၊ စမ်းသပ် လုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီ ၄ ခုတွင် လုပ်ကွက် ၁၃ ကွက်ရှိကြောင်း အမှတ်(၂)သတ္တုတွင်းလုပ်ငန်းထံမှ သိရ သည်။

ယင်းကဲ့သို့ တရားမဝင် ခဲတူးဖော် လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ကို အရေးယူဆောင်ရွက်ပေး ရန် ရွာသား ၂၀၀ နီးပါး လက်မှတ် ရေးထိုးကြပြီး ဇွန်လ ၈ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံ ချက်များနှင့် တိုင်ကြားစာ အသနားခံစာ ဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြထားသည်။

အဆိုပါ ချောင်းကို ကြိမ်ချောင်း ရွာအပါအဝင် ဘုရားဝတ်ကျေးရွာနှင့် ချောင်းဝကျေးရွာတို့ကလည်း သောက် သုံးရေအတွက် မှီခိုအားထားနေရသည်။