ငါးလှေအတွက် စစ်ဆေးရေးစခန်း အချိန်ပြည့်ဖွင့်ပေးရန် တောင်းဆို

0
357

ကော့သောင်းမှ ထိုင်းနိုင်ငံ ရ နောင်းသို့ အချိန်မီ ငါးသွားရောက် ရောင်းချနိုင်ရန် နယ်စပ် လက်မှတ် ထိုးစခန်းကို အချိန်ပြည့်ဖွင့်ပေးစေလို ကြောင်း ရေလုပ်ငန်းများက တောင်းဆို လိုက်သည်။ ရနောင်းသို့သွားရောက်ပါက လက်မှတ်ထိုးရသော ထိုစစ်ဆေးရေး စခန်းကို နံနက် ၆ နာရီမှ ည ၆ နာရီ အထိသာ ဖွင့်ပြီး ရနောင်းဈေးတွင် နံနက် ၆ နာရီကျော်မှ ရောက်ရှိ ရောင်းချ ပါက ဈေးနှိမ်ခံရသဖြင့် ထိုသို့ တောင်း ဆိုကြခြင်း ဖြစ်သည်။

ကော့သောင်းရေလုပ်ငန်းရှင်များနှင့် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခွန်ဝင်း သောင်း နှင့် ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ်ရေလုပ်ငန်းရှင်များက တောင်းဆိုခဲ့သည်။ရနောင်းငါးလေလံဈေးမှာ နံနက် ၄ နာရီတွင် စတင်ဖွင့်လှစ်ပြီး စဖွင့်ချိန် ငါးတစ်ကီလို ၁၀ ဘတ် ဈေးရပါက နံနက် ၆ နာရီကျော်ချိန်တွင် အကြမ်း အားဖြင့် ၆ ဘတ်ခန့်သာ ဈေးရတော့ ကြောင်း ကမ်းနီး ရေလုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ဦးစိုးမိုးထွေးက တင်ပြပြော ဆိုခဲ့သည်။

၆ နာရီမှ စစ်ဆေးရေးစခန်းဖွင့် သဖြင့် ပုံမှန်အားဖြင့် ကော့သောင်းဘက်မှ ငါးအရောင်းလှေများမှာ နံနက် ၆ နာရီ ခွဲခန့်တွင်မှ ရနောင်းသို့ ရောက်လေ့ ရှိသည်။
“(Check Point) ၂၄ နာရီ အချိန် ပြည့် ဖွင့်ပေးမယ်ဆိုရင် အခုရင်ဆိုင် နေရတဲ့ အခက်အခဲတွေ ပြေလည်သွား နိုင်တယ်” ဟု ဦးစိုးမိုးထွေးက ဆိုသည်။

တင်ပြချက်များကို မှတ်သားပြီး အကောင်အထည်ဖော်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်ဟု ဒေါက်တာ ခွန်ဝင်းသောင်း ကဆိုသည်။
ကော့သောင်းမြို့မှ ရနောင်းသို့ ၂၀၁၅-၂၀၁၆ ခုနှစ် ငါးတင်ပို့မူ အမေရိကန် ဒေါ်လာ ၄၄.၀၉၇ သန်း ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ် ငန်း ဦးစီးဌာန စာရင်းများအရ သိရ သည်။

အမျိုးသားလွှတ်တော် ကော်မတီ နှင့် တွေ့ဆုံပွဲတွင် ရေလုပ်ငန်း ဥပဒေပါ အချက်များကို ပြင်ဆင် ဖြည့်စွက် ပေးရန်အချက်များတင်ပြကြပြီး၊ ကမ်း နီးရေလုပ်ငန်းရှင်များ ကြုံတွေ့နေရ သည့် စက်ဂရမ် ၊ လှေဂရမ် မြှင့်တင် ပေးရေး အဆိုများကိုလည်း တင်ပြခဲ့ကြ သည်။