ထီးခီးကုန်သွယ်ရေးစခန်းမှ ဟင်းသီးဟင်းရွက်များ တင်သွင်းခွင့်စကြပ်

0
395

ထိုင်း-မြန်မာနယ်စပ် ထီးခီး နယ်စပ်မှ ထိုင်းနိုင်ငံထွက် ဟင်းသီး ဟင်းရွက်များ တင်သွင်းမှုကို  ဇွန်လ ဆန်းမှ စတင်ကြပ်မတ်လျက်ရှိသည်။


ထိုင်း-မြန်မာနယ်စပ် ထီးခီး ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံထွက် ဟင်းသီးဟင်းရွက်များကို ယခင်က ဒေသလိုအပ်ချက်အရဟုဆိုကာ လိုင်စင် မရှိဘဲ တင်သွင်းခွင့်ပြုခဲ့သော်လည်း လက်ရှိအချိန်တွင် လိုင်စင်ရှိမှသာ တင်သွင်းခွင့်ပြုကြောင်း ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။

vegatable_rules
” ထိုင်းက ဟင်းသီးဟင်းရွက်တွေ ဝင်နေလို့ ဒေသခံတွေက စီးပွားရေး တွက်ခြေမကိုက်လို့ တိုင်းအစိုးရက စီးပွားကူးသန်းမှာ လိုင်စင်ယူပြီးမှ တင် သွင်းခွင့်ပြုဖို့ ညွှန်ကြားထားတယ်” ဟု ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။သွင်းကုန်များကို မီးဖိုချောင်သုံး သီးနှံနှင့် သစ်သီးများဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားထားကြောင်း ၎င်းက ပြောသည်။

ပန်းသီး၊ လိမ္မော်သီး ကဲ့သို့သော သစ်သီးများ တင်သွင်းရာတွင် စီးပွား/ ကူးသန်းဌာန၌ လိုင်စင်လျှောက်ကာ တင်သွင်းရမည်ဖြစ်ကြောင်း ၎င်းကဆို သည်။
မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် များဖြစ်သည့် ကိုက်လန်ရွက်၊ မုန်လာ ဥနီ၊ ပြောင်းဖူးအသေး စသည်တို့ကိုမူ တိုင်းအစိုးရနှင့် စိုက်ပျိုးရေးဌာန၏ ခွင့် ပြုချက်ရှိမှသာ လိုင်စင်ထုတ်ပေးကာ တင်သွင်းခွင့်ပြုကြောင်း အဆိုပါ တာဝန် ရှိသူက ပြောသည်။ထိုင်းနိုင်ငံထွက် ဟင်းသီးဟင်းရွက် များ တင်သွင်းနေမှုများကြောင့် ဒေသခံ တောင်သူများ ထိခိုက်နစ်နာနေသည် ဟုဆိုကာ ပြီးခဲ့သည့် မေလအတွင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိပ်မူ ကာ တိုင်ကြားစာပို့ခဲ့ဖူးကြောင်း အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ကဆိုသည်။

တိုင်းအစိုးရထံ တိုင်ကြားမှုရှိခဲ့ သည့်အတွက် စစ်ဆေးရာ ထီးခီးနယ်စပ် မှ ဟင်းသီးဟင်းရွက်များ တင်သွင်းမှုများ ရှိနေပြီး ဒေသခံတောင်သူများ နစ်နာမှု မရှိစေရန် လိုင်စင်ပြုလုပ်ပြီးမှသာ တင် သွင်းခွင့်ပြုတော့ခြင်းဖြစ် ကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးကျော်စွာထွန်း ကဆိုသည်။
“သွင်းကုန်လိုင်စင် လျှောက်ထား ရယူပြီး သွင်းရမယ်၊ ဥပဒေနဲ့အညီ တင် သွင်းဖို့လိုတယ်” ဟု ၎င်းက ပြောသည်။ယခင်က လိုင်စင်မရှိဘဲ တင်သွင်း နေရာမှ ယခုအချိန်တွင် လိုင်စင်ဖြင့် တရားဝင် တင်သွင်းခွင့် ပြုခြင်းကြောင့် နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိလာ မည်ဖြစ်သဖြင့် လုပ်သင့်သည်ဟု ထင် ကြောင်း ထီးခီးဂိတ်မှတဆင့် သယ်ယူ ကာ ထားဝယ်မြို့တွင် ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံများ ရောင်းချနေ သည့် သစ်သီးဆိုင် တစ်ဆိုင်မှ ဆိုင်ပိုင် ရှင်တစ်ဦးက ဆိုသည်။

” လုပ်ရင်လည်း တင်းတင်း ကြပ် ကြပ် ထိထိမိမိလုပ်တာကို ကြိုက်တယ်”ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောသည်။
ထားဝယ်ဒေသထွက် ဟင်းသီး ဟင်းရွက်များမှာ ဒေသနေပြည်သူများ အတွက် မလုံလောက်သောကြောင့် လက်ရှိအချိန်တွင် ဒေသထွက်ကုန် ပိုမို ထွက်ရှိအောင် ကူညီဆောင်ရွက်ပေးပြီးမှ တဖြည်းဖြည်း တင်းကြပ်သင့်သည်ဟု ထားဝယ်မြို့ ကမ်းနားဈေးတွင် ထိုင်း နိုင်ငံထွက် ဟင်းသီးဟင်းရွက် များ ရောင်းချနေသူတစ်ဦးက ဆိုသည်။

“ဒေသထွက် ဒူးရင်းသီး၊ နာနတ် သီးနဲ့ မင်းဂွတ်သီး လိုအသီးတွေက အရင်လေးနှစ်ကဆိုရင် တောင်ပုံရာပုံ ရောင်းချနေကြတာ။ အခုထွက်တာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တော့ တာ” ဟု အဆိုပါ ဟင်းသီးဟင်းရွက် ရောင်းချသူက ပြောသည်။ထားဝယ်ဒေသရှိ စားသောက် ဆိုင်များတွင် အဓိက အသုံးပြုသည့် ကိုက်လန်ရွက်၊ မုန်လာဥနီနှင့် ပြောင်းဖူး အသေး စသည့်ဟင်းသီးဟင်းရွက်များမှာ ဒေသတွင် စိုက်ပျိုးနိုင်ခြင်း မရှိသော  ကြောင့် ယခုကဲ့သို့ တင်းကြပ်ခြင်းက ပစ္စည်းဈေးတက်ခြင်း၊ ပြတ်လပ်ခြင်း များဖြစ်လာကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံ ထွက် ဟင်းသီးဟင်းရွက်များနှင့် တရား မဝင် အေးခဲကြက်သားများ ကျယ်ပြန့်စွာ ဝင်ရောက်နေမှုများကြောင့် ပြည်သူများ အကြားတွင် ဝေဖန်မှုများရှိနေသည်။