ကြေးနန်းတိုင်-တောင်ရှည်တံတား ယာဉ်ဖြတ်သန်းခွင့် မပြု

0
407
ဓာတ်ပုံ - တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့

မြိတ်မြို့နယ် မဇောကျေးရွာ အုပ် စုနှင့် တောင်ရှည်ကျေးရွာအုပ်စုနှစ်စုကို ဆက်သွယ်ထားသော သစ်သားတံတား ကျိုးကျမှုကြောင့် ဇွန်လ ၁၆ ရက်နေ့ မှစပြီး မော်တော်ယာဉ်များဖြတ်သန်း သွားလာခွင့်မပြုတော့ကြောင်း တောင် ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပေါ်လွင်က ပြောကြားသည်။

တံတား သစ်သားရက်မတန်းများ သည် ပြီးခဲ့သည့်တစ်လကျော် ကတည်း က ကျိုးကျခဲ့ပြီး လက်ရှိတွင် စိုးရိမ်ဖွယ် အနေအထားရှိနေသည့်အတွက် ထော် လာဂျီ၊ Town Ace စသည့် ကုန်များဖြင့် တင်ဆောင်လာကြသည့် မော်တော်ယာဉ် များကိုသာ ဖြတ်သန်းခွင့်မပြုခြင်းဖြစ်ကြောင်း ဦးပေါ်လွင်က ရှင်းပြသည်။
“ရေစီးသန်တော့ တံတားအောက် ခြေက ရက်မတန်းကျိုးကျပြီး တံတားတိုင် များ ဖြည်းဖြည်းနိမ့်ဆင်းနေရတဲ့အတွက် မော်တော်ယာဉ်များကို ဖြတ်သန်းခွင့်မပြု တာပါ” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့
ဓာတ်ပုံ – တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့

ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် မပြုခြင်းကြောင့် ကြေးနန်းတိုင်ရွာရှိ တံ တားထိပ်မှ တံတားတစ်ဖက်ရှိ မော်တော် ယာဉ်များအချင်းချင်း ကုန်ပစ္စည်းများ ကဲ့ယူ သွားလာနေရကြောင်း ကြေးနန်း တိုင်ရွာသား အချို့ထံမှ သိရသည်။အဆိုပါ ကြေးနန်းတိုင်-တောင် ရှည်တံတားသို့ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ချို့တို့က ဇွန်လ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည်။

ယင်းတံတားသည် ၂၀၀၀ ခုနှစ် ခန့်မှစပြီး ရွာသားတချို့ မတည်ပြီး ဆောက်ထားခြင်းဖြစ်သည်။

တံတားပျက်စီးလာသဖြင့် ပြန် လည်ပြုပြင်ရန် လုပ်ငန်းရှင်တစ်ဦးသို့ တံတားကြေးကောက်ခံမှုဖြင့် အပ်နှံ ခဲ့ရပြီး လက်ရှိအချိန်တွင် ပြန်လည်ပြုပြင် လိုအပ်နေသည့် အပြင် ရေရှည်အတွက် ကွန်ကရစ်တံတား တစ်စီးလိုအပ်နေ ကြောင်း တောင်ရှည်ရွာသား ဦးခင်မောင် သန်းက ပြောပြသည်။
” ကွန်ကရစ် တံတားဆောက်မယ် ဆိုရင် သိန်းထောင်ချီကုန်ကျမှာ ဖြစ်လို့ လတ်တလာ အဆင်မပြေနိုင်သေးပါဘူး” ဟု မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြော သည်။ သို့သော် လက်ရှိသစ်သားတံတား ကိုပြန်လည်ပြုပြင်နိုင်ရန် ကူညီသွားမည် ဟု ဒေါ်ရီရီချိုက ဆိုသည်။

အဆိုပါ ကျေးရွာချင်းဆက် သစ် သားတံတားမှာ အရှည် ၃၃၀ ပေ၊ အကျယ် ၁၅ ပေ ရှိသည်။
ယင်းတံတားကို တောင်ရှည်ကျေး ရွာအုပ်စု၊ နန်းတော်ရွာကျေးရွာအုပ်စုနှင့် တညက်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁၇ ရွာ အဓိက အသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်သည်။