ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်တွင် ထားဝယ်စီမံကိန်း အသက်သွင်းရန် ကြိုးပမ်းမည်

0
440

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏လာမည့်အပတ်ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထားဝယ်စီမံကိန်းဆက် လက် အကောင်ထည်ဖော်ရေးထိုင်း အစိုးရက တွန်းအားပေး အသက်သွင်းရန် ရှိနေကြောင်း ထိုင်းအခြေစိုက်သတင်း များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ခေါင်းဆောင်ဖြစ်လာပြီးနောက် ပိုင်း ဒုတိယမြောက်နိုင်ငံခြားခရီးစဉ် အဖြစ် ဇွန်လ ၂၃ မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ် သည်။ဒေါ်အောင်ဆန်းစုကြည်၏ခရီး စဉ်အတွင်း ထားဝယ် စီမံကိန်း အကောင် အထည်ဖော်ရေး ထိုင်း-မြန်မာ အဆင် မြင့် ကော်မတီအသစ်ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက် ပို့စ်သတင်းစာတွင် ဖော် ပြထားသည်။

သဘာဝပတ်ဝန်းကျင် သက်ရောက် မှုစစ်တမ်း ( EIA ) အပါအဝင် ကိစ္စရပ် များစွာက ထိုကော်မတီ၏ဆုံးဖြတ်ချက် လိုအပ်နေသဖြင့် ကော်မတီကိုအမြန်ဆုံး ဖွဲ့စည်းသွားရန်ရှိနေကြောင်း သတင်းက ဆိုသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့များ ထားဝယ်သို့ နှစ်ကြိမ်ထက်မနည်းလာ ရောက်၍ စီမံကိန်းအကြောင်းလာရောက် လေ့လာခဲ့ပြီးသော်လည်း စီမံကိန်းနှင့် ပတ်သက်သော လက်ရှိအစိုးရ၏မူဝါဒများကို ရှင်းရှင်းလင်းလင်း မသိ ရသေးပေ။

သို့သော် ထိုင်းအစိုးရကအကောင်း မြင်နေသည်။

” အစိုးရသစ်အနေနဲ့ စီမံကိန်းကို ဆက်လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်”ဟု ထိုင်းဒုတိယဝန်ကြီးချုပ်ဆွမ် ကစ်က ဆိုသည်။
အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည်ဖြစ်ပြီး လူတစ်သိန်းအလုပ် ပေးနိုင်မည်ဟုဆိုထားသော စီမံကိန်း ကို ၂၀၁၀ ပြည့်နှစ်ကတည်းက စစ် အစိုးရနှင့် စာချုပ်ချုပ်ဆိုကာ လုပ်ကိုင် ခဲ့သော်လည်း အစိုးရသက်တမ်းတစ်ခုကုန်သွားသည်အထိ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အနေအထားအကောင် အထည် မဖော်နိုင်သေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးကိုလည်း ဆွေးနွေးသွားရန်ရှိပြီး မြန်မာ အလုပ်သမားများနှင့် မဟာချိုင် တွင် တွေ့ဆုံစဉ် စီစဉ်ထားသည်။ သူမ သည် ထိုင်းဘုရင်မင်းမြတ်၊ ဝန်ကြီးချုပ် တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။