မြိတ် အ ထ က (၁) မှ ဘာသာစုံဂုဏ်ထူးရှင်မမိုးချမ်းမြေ့နှင့်တွေ့ဆုံခြင်း။

0
453

တနင်္သာရီ – အောင်စာရင်းကြည့်တဲ့အခါ ဘာသာ စုံဂုဏ်ထူး ထွက်မှန်းသိရတော့ ဘယ်လိုခံစားရလဲ။ဘာသာစုံထွက်မယ်လို့ မျှော်လင့်ထားသလား။


မိုးချမ်းမြေ့ - ဘာသာစုံထွက်မယ်လို့မျှော်လင့် ထားပေမယ့် သတင်းတွေကြားနေတာက ငါးဘာသာပဲ ကြားနေတော့ ငါးဘာသာပဲ စိတ် ထဲစွဲနေတာပါ။ တကယ်အောင် စာရင်းကြည့်တော့
ဘာသာစုံဖြစ်နေတော့ အရမ်းကိုဝမ်းသာမိပါ တယ်။
moe_chan_myae
  
တနင်္သာရီ – ဒီလိုမျိုးဂုဏ်ထူးရဖို့ တစ်နှစ်ပတ်လုံး အချိန်ကိုဘယ်လိုစီမံခန့်ခွဲခဲ့လဲ။
မိုးချမ်းမြေ့- နေ့စဉ်စာကျက်ချိန်ကည၆နာရီကနေ ၁၁ နာရီအထိ၊ မနက်၅နာရီကနေ ၆ နာရီအထိ စာကျက်ခဲ့ပါတယ်။

  
တနင်္သာရီ – ဘာသာစုံဂုဏ်ထူးအတွက် သင်ခန်း စာတွေနဲ့ပတ်သက်ပြီး ဘယ်လိုလေ့လာသင်ယူ ကျက်မှတ်ပါလဲ။
မိုးချမ်းမြေ့ – စာကိုတရွတ်တိုက်ကျက်တာမျိုး မဟုတ်ဘဲ ဦးနှောက်ထဲ မှတ်မိအောင်အာရုံစူးစိုက် ပြီး ကျက်တာပါ။ ကောင်းကောင်းကျက်လိုက် တော့ နောက်တစ်ကြိမ် ပြန်နွေးလိုက်ရင်ရသွား တယ်။ ခဏခဏ ပြန်မကျက်ရတော့ဘူးပေါ့။

  
တနင်္သာရီ – ဆရာ၊ ဆရာမတွေနဲ့မိဘတွေက ဘယ်လိုပံ့ပိုး လမ်းညွှန်ခဲ့ပါသလဲ။
မိုးချမ်းမြေ့ – ဆရာ၊ ဆရာမတွေကနားမလည်တဲ့ စာတွေကို သေချာရှင်းပြပေးပါတယ်။ မိဘတွေက ကျောင်းအကြိုအပို့ အစားအသောက်တွေကအစ စာကျက်ချိန်မှာပါ စားသောက်ရမယ့် ဟာတွေကိုပါ ဂရုစိုက်ပေးပါတယ်။

  
တနင်္သာရီ – စာကျက်ရ ပင်ပန်းလာတဲ့အခါအခြား ဝါသနာပါရာ ဘာတွေလုပ်ဖြစ်လဲ။
မိုးချမ်းမြေ့ – သီချင်းနားထောင်ပါတယ်။ အိပ်ပစ်လိုက်တာလည်း ရှိတယ်။ အိပ်လိုက်တော့ ပင်ပန်းထားတာတွေ ပျောက်သွားပြီး စာပြန်ကျက် လို့ ပိုကောင်းသွားပါတယ်။

  
တနင်္သာရီ – ရည်မှန်းချက်ရှိတဲ့သူတိုင်းမှာ ဖိအား တွေ အခက်အခဲဆုံးကာလတွေ ရှိတယ်လေ။ အဲဒီ ဖိအားတွေနဲ့ အခက်အခဲဆုံးကာလတွေကိုဘယ် လိုရင်ဆိုင်ခဲ့သလဲ။ ဘယ်လိုခံယူချက်တွေနဲ့ ကျော် ဖြတ်ခဲ့ပါသလဲ။
မိုးချမ်းမြေ့ -တစ်ခါတစ်လေတော့ စာမကျက်ချင် တာမျိုးရှိပေမယ့် ရည်မှန်းချက်ရှိတော့အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

  
တနင်္သာရီ – အခုဆယ်တန်းအောင်စာရင်းထွက် ပြီးတော့ ရှေ့ဆက်ဘာတွေလုပ်မယ်လို့ ရည်ရွယ် ထားပါသလဲ။ ဘယ်လိုရည်မှန်းချက်မျိုး ရှိပါသလဲ။
မိုးချမ်းမြေ့ – အမှတ်မီတဲ့ တက္ကသိုလ်မှာ အကောင်း ဆုံးကြိုးစားသွားပါမယ်။ အင်ဂျင်နီယာ (ဗိသုကာ ပညာ) တက်ဖို့စဉ်းစားထားပါတယ်။ အခုတော့ ကွန်ပျူတာနဲ့ အင်္ဂလိပ်၊ ဂျပန်စကားပြောသင်တန်း တွေကို တက်မယ်လို့ ရည်ရွယ်ထားပါတယ်။

  
တနင်္သာရီ – ဒီနှစ်အောင်ချက်နည်းတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
မိုးချမ်းမြေ့ – ဘာသာရပ်တိုင်းမှာ မေးခွန်းပုံစံနည်း နည်းစီပြောင်းထားတဲ့အတွက် ကျောင်းသားအများ စုက ယခင်နှစ် မေးခွန်းဟောင်းပုံစံတွေပဲ လေ့လာ ထားတယ်ဆိုတော့ ကျက်ထားနဲ့ လွှဲကုန်တာပါ။

  
တနင်္သာရီ -စာမေးပွဲဖြေဆိုတဲ့အခါ ဂုဏ်ထူးအတွက် စိတ်ပူရမယ့် ဘာသာရပ် ရှိပါသလား။ ဘာကြောင့် စိတ်ပူရတာလဲ။
မိုးချမ်းမြေ – မြန်မာဘာသာမှာ စိတ်ပူတယ်စာ စီစာကုံး ဖြေထားတာ သိပ်အားမရဘူး။ ဂုဏ်ထူး ရပဲရမလားဆိုပြီး စိတ်ပူနေတာပါ။

  
တနင်္သာရီ – ညီမအနေနဲ့ အခြားဘာတွေများ ပြောချင်ပါသလဲ။
မိုးချမ်းမြေ့ – နောက်လာမယ့် ပညာရေးစနစ်က ဘယ်လိုဖြစ်လာမလဲဆိုတာ မသိရဘူး။ ဒီနှစ် အတွက် တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေရမယ်ဆိုတာမျိုး လည်းကြားနေရတယ်။ သေချာတော့မသိရ သေးပါ ဘူး။ ဆိုတော့အမှတ်ကအရေးကြီးသလိုမျိုးဖြစ် နေပါတယ်။ ၁၀ တန်းမှာ အကောင်းဆုံး ကြိုး စားကြပါ လို့ပြောချင်ပါတယ်။

မိုးချမ်းမြေ့၏ကိုယ်ရေးအကျဉ်း
ခုံအမှတ် – တမ-၁၀၇
ဦးအောင်ဟင် (လျှပ်စစ်ပစ္စည်းရောင်းဆိုင်)+ဒေါ်ညိုညိုစိမ့်
အမှတ် (၃၀) ရဲသိပ္ပံလမ်းကန်ဖျားရပ်ကွက်မြိတ်မြို့
သူငယ်တန်းမှ ၁၀ တန်း အထိ အမှတ်(၁) အခြေ ခံပညာ အထက်တန်းကျောင်း၊ မြိတ်မြို့တွင်ပညာ ဆည်းပူးခဲ့ပြီး သူငယ်တန်းမှ ၁၀ တန်းအထိ နှစ်ထိ (ပ၊ဒု၊တ) ထူးချွန်များစွာရရှိခဲ့သည်။ ၇တန်းတွင်ဘာသာစုံထူးချွန်ကျောင်းတွင်း (တတိယ)နှင့် ၁၀တန်းတွင် ကျောင်းတွင်းနှင့် မြို့နယ်အဆင့် ဘာသာစုံထူးချွန် (တတိယ)ဆု များရရှိခဲ့သူဖြစ် သည်။