မဆလာကြိတ်စက် စည်းကမ်းနှင့်မညီက ပိတ်ရမည်

0
457

ကော့သောင်းမြို့ပေါ်ရှိ အိမ်တွင်း အသေးစား မဆလာအမှုန့်ကြိတ်စက် စည်းကမ်းနှင့် အညီမလုပ်ကိုင်ပါက လိုင်စင်ပိတ်သိမ်း ခံရမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာ အဖွဲ့က ထုတ်ပြန်လိုက်သည်။

ထိုစက်ရုံမှမဆလာအနံ့၊ ငရုတ်သီး မှုန့် အနံ့တို့ကြောင့် ကျန်းမာရေး ထိခိုက် သည်ဆိုသော အသံများထွက်လာသည့် အတွက် ဇွန်လ ၁၇ ရက်နေ့ က မြို့နယ် စည်ပင်က သွားရောက် စစ်ဆေးပြီး နောက် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ် သည်။

ဘုရင့်နောင်ရပ်ကွက် ၊ ကျောက်ဖျာ (၁) လမ်းသွယ် ရှိ မဆလာကြိတ်စက်ကို စက်သံ မဆူညံဘဲ တပ်ဆင်ရန်၊ မဆလာ ကြိတ်သည့် အခါ ပတ်ဝန်းကျင် တွင် အနံ့အသက် မပျံ့လွင့်စေရန် မီးခိုးတိုင် ကဲ့သို့ လေစုပ်နိုင်သည့် သံခေါင်းတိုင် တပ်ဆင်ရန်၊ မာဆလာကြိတ်ခြင်း လုပ် ငန်းကို နံနက် ၉ နာရီ မှ ၁၁ နာရီ အတွင်းသာ လုပ်ဆောင်ရန် စသည့် စည်း ကမ်းချက်များကို မလိုက်နာက လုပ်ငန်း လိုင်စင် ပြန်သိမ်းမည်ဟု မြို့နယ် စည် ပင်သာယာ အဖွဲ့ ကဆိုသည်။
” လုပ်ငန်းလည်ပတ်မှုကို စစ်ဆေး တဲ့အခါ အနံ့မပျံ့ဖို့ မီးခိုတိုင် တပ်ခိုင်း ထားတာ မတပ်သေးလို့ အမြန်ဆုံးတပ်ဖို့ ပိုင်ရှင် ကို အသိပေးထားခဲ့တယ်” ဟု ယင်းနေရာကို သွားရောက် စစ်ဆေးခဲ့ သည့် မြို့နယ် စည်ပင်သာယာ အဖွဲ့ မှ တာဝန်ရှိသူက ဆိုသည်။

စက်ရုံကြိတ်သည့် အချိန်မှာ တစ် ရက်လျှင် ၃နာရီသာရှိကြောင်း မာဆလာ ကြိတ်လုပ်ငန်းရှင်က ဆိုသည်။
” ကျွန်တော်တို့က စက်ရုံအကြီးကြီး လည်ပတ်နေတာမဟုတ်ဘူး။ မိသားစု စားဝတ်နေရေးအဆင်ပြေရုံ လည်ပတ်နေ တာပါ” ဟု ၎င်းက ဆိုသည်။
မဆလာ အနံ့များ ကြောင့် အနီးရှိ ပတ်ဝန်းကျင် ပြည်သူများ ကျန်းမာရေး ထိခိုက်သည်ဟု ၂၀၁၃ ခုနှစ်တွင် တိုင် တန်းမှု နှစ်ကြိမ် ရှိခဲ့သည့် အတွက် လုပ် ငန်းလိုင်စင်သိမ်းခဲ့သည်။

ထိုနောက် စည်ကမ်းချက်များ သတ်မှတ်ကာ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်း လိုင်စင် ပြန်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။