ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ပြန်ဖွဲ့ရန် လုပ်ငန်းစတင်

0
388

တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများပြန်ဖွဲ့ရန် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် မည့်သူများ၏လျှောက်လွှာများကို မေလ ၃၁ ရက်နေ့က စတင်လက်ခံ နေပြီဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေး ကောက်ပွဲအရာရှိက ပြောကြားသည်။

မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ တို့တွင် တာဝန်ထမ်းဆောင်လို သူများ သည် သက်ဆိုင်ရာမြို့နယ် နှင့် ခရိုင် အဖွဲ့ခွဲရုံးများထံတွင် လျှောက်ထား ရ မည်ဖြစ်ပြီး တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်လိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တွင် လျှောက်ထားရမည်ဖြစ်သည်။
“ရွေးချယ်ခံရတဲ့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လစာမဟုတ်တဲ့ လစဉ်ချီးမြှင့်ငွေပေးမယ်လို့တော့ သိ ထားတယ်၊ နှုန်းထားတော့ မသိသေးဘူး” ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ အရာ ရှိ ဦးထင်လင်းဦး ကပြောသည်။

သို့သော် မည်သို့သော ပုံစံဖြင့် ၎င်းတို့ကို ရွေးချယ်သွားမည်ကို ထုတ် ဖော်ပြောကြားခြင်း မရှိပေ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြီးခဲ့သည့် မေလ ၃၀ ရက် နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်မည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့် အပ်တာဝန်ပေးရန် ကြေညာချက် ထုတ် ပြန်ခဲ့သည့်အတွက် ယင်းသို့ ပြန်လည် ဖွဲ့စည်းခြင်းဖြစ်သည်။
“အခုလို ပြန်ရွေးလိုက်တော့ ကော် မရှင်အဖွဲ့ခွဲရဲ့ လုပ်ငန်းတွေ ပိုပြီးလွတ် လွတ်လပ်လပ် လုပ်နိုင်လာတာပေါ့” ဟု ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ထားဝယ် မြို့နယ် ရွေး^ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးစိုးလွင် က ပြောသည်။

ယခင်က ထားဝယ်ခရိုင်အတွင်းရှိ ရွေးကော် အဖွဲ့ခွဲများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများက လွှမ်းမိုးရန် ကြိုးစားခဲ့ခြင်းကို ၎င်းက ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။

ယခင် ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၆ ဦးဖြင့် ခန့် အပ်ခဲ့ပြီး ပြန်လည်ဖွဲ့စည်းမည့် ကော်မ ရှင်တွင်မူ အင်အား မည်မျှခန့်ထားမည်ကို မသိရသေးကြောင်း ဦးထိန်လင်းဦးက ပြောသည်။
လျှောက်လွှာများကို ဇွန်လ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ် ကြောင်း သိရသည်။

သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အဖြစ် လျှောက်ထားသူများသည် အသက် ၄၀နှစ်ပြည့်သူဖြစ်ရမည်ဖြစ်ပြီး မိမိ အစီ အစဉ်ဖြင့် ရုံးတက်ရုံးဆင်းပြုလုပ်နိုင်သူ၊ နိုင်ငံရေးပြစ်မှု အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုတို့ဖြင့် တရားရုံ၏ ပြစ်ဒဏ်စီရင် ချက်ကျခံဖူးသူမဖြစ်ရစသည်ဖြင့် အရည် အချင်း ၁၁ ချက်ဖြင့်ပြည့်စုံရ မည်ဟု တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။