မြိတ် ငါးအမှုန့်ကြိတ်စက်ရုံများကိစ္စ ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည်

0
466

မြိတ် အခြေစိုက် ငါးအမှုန့်ကြိတ် စက်ရုံများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်တွင် အဆိုတင်သွင်းရန် စီစဉ် ထားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင် တင်ရီက ပြောကြားသည်။


မြိတ်တွင် ငါးအမှုန့်ကြိတ်စက် ရုံများကြောင့် အနံဆိုး ကျိန်စာဟု အမည် တပ်ရသည် အထိနှစ်ပေါင်းများ စွာခံစားခဲ့ရပြီး နောက်ပထမဆုံးအဖြစ် လွှတ်တော်တွင် အဆိုတင်ရန်စီစဉ်လာ ခြင်းဖြစ်သည်။ ထို ငါးအမှုန့်စက်ရုံမှအနံဆိုးများ ပပျောက်အောင် ပြုလုပ်ပေးရေး အဆိုတင် သွင်းသွားမည်ဖြစ်ပြီး ယင်း အဆိုကို မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုးပိုင်ဌေးက တင်သွင်းမည် ဖြစ်သည်။
” ငါးအမှုန့်ကြောင့် မြေ၊ ရေ၊ လေထုနှင့်ငါးမှုန့်အနံ့တွေကမြိတ်မှာခံစားနေ ရတဲ့ဝေဒနာတွေပါ ငါးမှုန့်ကြိတ်ဖို့ တော တောင်တွေခုတ်ရတဲ့အတွက်မြေရေ ထုကိုပျက်စီးလာမယ့်ဟာတွေအပေါ်အခြေခံပြီး ဆွေးနွေး သွားမယ်” ဟုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင် ရီက ပြောသည်။
လက်ရှိ လွှတ်တော်ရပ်နားမည့် အချိန်နှင့် နီးကပ်နေသဖြင့် အချိန် မီက ယခု လွှတ်တော်တွင် တင်သွင်းမည် ဖြစ်ပြီး မမီပါကနောက်ပြန်လည် ကျင်းပ မည့် လွှတ်တော်တွင် တင်သွင်း သွား မည်ဖြစ်ကြောင်း ဒေါ်တင်တင်ရီက ပြော သည်။
တနင်္သာရီဝန်ကြီးချုပ်က လည်း မြိတ် ခရီးစဉ်အတွင်းငါးအမှုန့်ကြိတ်စက် ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အနံ့ဆိုး မထွက်ရေး ပြန်လည်ပြုပြင်သွား ရန်ညွန်ကြားခဲ့ပြီး ယင်းအတွက် တစ်လ အချိန်ပေးမည်ဖြစ်ကြောင်း ဆိုထား သည်။
” အဆို တင်သွင်းဖို့ပြင်ဆင်ထားပြီး ပါပြီ။ ဝန်ကြီးချုပ်က တစ်လအချိန်ပေး ထားတော့ စောင့်ကြည့်သွားမယ်။တဖက် ကလည်း အကောင်အထည် ဖေါ်လာတဲ့ အပိုင်း တွေရှိလာရင်တော့အပြန်အလှန် ထိန်းကြောင်းပြီး လုပ်ရမယ်” ဟု ဦးစိုး ပိုင်ဋ္ဌေးကပြောပြသည်။
ထို့ပြင် ဇွန်လ၆ရက်နေ့က ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး တွင် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲ မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်ခင်ညိုက ဒီရေ တော တွေထိန်းသိမ်းလိုကြောင်း အဆို တင်သွင်းခဲ့သေးသည်။
ယင်းအဆိုကို ဒေါ်တင်တင်ရီက ထောက်ခံ ဆွေးနွေးခဲ့ပြီး ဒီရေတောပြုန်း တီးခြင်း၏အဓိကအကြောင်းအရင်းများ တွင်မီးသွေးဖုတ်ခြင်း၊ ငါးအမှုန့်စက်ရုံ များနှင့် သစ်ခုတ်ထွင်မှုများကြောင့်ဖြစ် ကြောင်း ဆွေးနွေးခဲ့သည်။
မြိတ်မြို့နယ်ရှိ အမှုန့်ကြိတ်စက်ရုံ များမှ အနံ့ဆိုးများပပျောက်ရေးဒေသခံ များက အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်နိုဝင်ဘာလ၄ရက်နေ့က မြိတ်ဒေသခ ပြည်သူများနှင့်အရပ်ဘက် အဖွဲ့အစည်းတစ်ချို့မှ ဆန္ဒထုတ် ဖေါ်ခဲ့ သေးသည်။
မြိတ်မြို့ပေါ်တွင် ငါးအမှုန့်ကြိတ် စက်ရုံ ၄ ခု နှင့်မြိတ်တစ်ဖက်ကမ်းကျွန်း စုမြို့နယ် ပထော်ပထက်ကမ်းတွင်ငါးအမှုန့်စက်ရုံ ၁ ခု ရှိသည်။