မိုးတွင် စိုက်ရန် အရိပ်ရပျိုးပင် ခြောက်သောင်းကျော် အခမဲ့ပေးမည်

0
424

မိုးရာသီ စိုက်ပျိုးရန် အရိပ်ရပျိုးပင် ပေါင်း ခြောက်သောင်းကျော် စိုက်ပျိုးထားပြီးသစ်ပင်စိုက်မည့်အဖွဲ့အစည်း မဆိုအခမဲ့ လာရောက်တောင်းယူနိုင် ကြောင်း မြိတ်မြို့နယ် သစ်တောဦးစီး ဌာနမှယာယီဦးစီးမှူး ဦးအောင်ကျော်စိုး ကပြောကြားသည်။


မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ် စု၊ ရှမ်းချောင်းရပ်ကွက် ရှိသစ်တောပျိုး ဥယျာဉ်တွင် အရိပ်ရပျိုးပင် ၆၃၁၀၀ ပင် စိုက်ပျိုးထားပြီး တစ်ဦးချင်းလူပုဂ္ဂိုလ် အပါအဝင် မည်သူမဆို အခမဲ့လာရောက် တောင်းယူ နိုင်ကြောင်း၎င်းက ပြော သည်။
သစ်တော ပျိုးဥယျာဉ်တွင် ပျဉ်က တိုး၊မဲဇာလီ၊ မဟော်ဂနီ၊ ယူကလပ်၊ ခရေနှင့်ပိတောက်ပင်များ အများဆုံး စိုက်ပျိုး ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ယင်းသို့ပျိုးပင် များ အခမဲ့ ထုတ်ပေးခဲ့သော်လည်းလာ ရောက်ထုတ်ယူသူ နည်းပါးခဲ့ကြောင်း မြို့ နယ်သစ်တောဦးစီးဌာနထံမှ သိရ သည်။