ရေလုပ်သားလုပ်အားခ အပြည့်မရသည့်ကိစ္စပြေလည်

0
406

မြိတ်အခြေစိုက် ထူးထူးတိုးကုမ္ပဏီ ပိုင် ငါးဖမ်းလှေမှရေလုပ်သားများကိုလုပ်အားခ အပြည့်မပေးသည့်ကိစ္စ ယခုအခါ ပြေလည်သွားပြီဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ထုတ်ပြန်ခဲ့သည်။


အဆိုပါ ငါးဖမ်းလှေတွင် လုပ်ကိုင် သည့် ရေလုပ်သားများသည် ပင်လယ် ပြင်တွင် ၈ လခန့် အလုပ်လုပ်ခဲ့သော် လည်း ရာသီသိမ်းချိန်တွင် လုပ်အားခ အပြည့်မရသဖြင့် တိုင်းအစိုးရထံ တိုင် ကြားခဲ့ခြင်း ဖြစ်သည်။

 
ရှစ်လစာအတွက် ရပိုင်ခွင့်ဖြစ်သော ကျပ် ၁၅ သိန်း တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီက မူလက ကျပ် ၁၁၃၀၀၀၀ ကျပ်သာရှင်းပေးမည်ဟု ဆိုထားသည်။ တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း ၏ ဝင်ရောက်ညှိနှိုင်းပေးချက်အရ ကျပ် ၁၃ သိန်း ပေးရန် သဘောတူခဲ့သည်။
အလုပ်သမား ၄၀ ဝန်းကျင် လုပ် အားခအပြည့်မရသော်လည်း ၂၀ ဝန်း ကျင်မှာ ကုမ္ပဏီပေး သော မူလနှုန်း ထားကို ရယူခဲ့ပြီးဖြစ်သဖြင့် ကျန်ရှိ သောအလုပ်သမား ၂၀ ခန့်သာ ကျပ် ၁၃ သိန်းစီ ရမည်ဖြစ်သည်။