ခရီးကြမ်း စက်ဘီးပြိုင်ပွဲ

0
402

၂၀၁၆ခုနစ် အိုလံပစ်နေ့အထိမ်း အမှတ်အဖြစ် ထားဝယ်တွင်ကျင်းပမည့် ဖိတ်ခေါ် ခရီးကြမ်းစက်ဘီးပြိုင်ပွဲတွင်တစ်နိုင်ငံလုံးမှ ပြိုင်ပွဲဝင်များလာ ပြိုင် မည်ဖြစ်ကြောင်း ထားဝယ်စက်ဘီး အသင်းထံမှ သိရသည်။


ဇွန်လ ၂၃ရက် နေ့တွင်ကျရောက် သည့် အိုလံပစ်နေ့တွင် အသက် ၄၀ နှစ်အောက်ပြိုင်ပွဲနှင့်အသက်၄၀နှစ် အထက်ပြိုင်ပွဲနှစ်ရပ်ကိုထားဝယ် တက္ကသိုလ်ဝင်းအတွင်း ကျင်းပမည်ဖြစ် ကြောင်းထားဝယ် စက်ဘီးအသင်းမှ ဦးအောင်နိုင်က ပြောသည်။
တောင်တက်၊ တောင်ဆင်းများ၊ S သဏ္ဍာန်အကွေ့များ၊ စက်ဘီးထမ်းမည့် ရမည့် နေရာများ၊ တောလမ်းခရီး၊ မြေနီ လမ်း၊ သစ်ပင်ကြားလမ်းများတွင် စီးနင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီးပြိုင်ပွဲဝင်ဦးရေ ၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဟု ခန့်မှန်း ထားကြောင်း ၎င်းကပြောသည်။ ယခုနှစ် ပြိုင်ပွဲမှာ ဒုတိယ အကြိမ်ဖြစ်သည်။