“ခရိုနီက လုံးဝလည်း မဆက်ဆံလို့ မရဘူး”

0
838

ခရုနီများနှင့် အတူသွားသည်ဟု ဝေဖန်ခံရသော ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး တနင်္သာရီအပတ်စဉ်၏ မေးမြန်းချက်အပေါ်
ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ရှင်းလင်းချက်

“ယိုးဒယားခရီးစဉ်က  G to G (အစိုးရချင်း) သွားတာပါ။ ပြည်ထောင်စု အစိုးရကို တင်ပြီးတော့မှ ပြည်ထောင်စု အစိုးရက လွှတ်တယ်။ နယ်စပ်မော တောင် လမ်းဖွင့်ဖို့ကိစ္စအတွက် သွား တယ်။နောက်ပြီးတော့မှ တို့ရဲ့သယံဇာတ ဖြစ်တဲ့ ငါးတွေကို နိုင်ငံခြားမှာချည်းပဲ သွားရောင်းနေတယ်။ တို့နိုင်ငံမှာဘာ အခွန်မှမရဘူး။ တို့ရဲ့သယံဇာတတွေ ဆုံးပြီးတော့မှ တို့နိုင်ငံမှာဘာအခွန်မှ မရတဲ့ဟာကို ဘယ်လိုမျိုးပြန်လုပ်နိုင် မလဲဆိုတာကို ကုစားဖို့အတွက် သွားတာပါ။

letlet_maw
ခရိုနီက သူ့ဟာသူ ငါးလုပ်ငန်းက သွားတာပါ။ ခရိုနီနဲ့ ဘာမှလည်းမပတ်သက်ပါဘူး။ ကျွန်မတို့က  G to G သွားတာ။ ကျွန်မတို့ ပြည်ထောင်စု အစိုးရအဖွဲ့က တစ်ယောက် အားလုံးဌာန ဆိုင်ရာ သက်ဆိုင်တဲ့ဌာနအားလုံး သွား တာပါ။ သူက သူ့ဘာသာသူ တက်လိုက် လာတာပါ။ ကျွန်မတို့ထားဝယ်က သွားတာ ကျွန်မတို့ချည်းပဲ။
ခရိုနီအကြောင်း ပြောရမယ်ဆိုရင် ခရိုနီက လုံးဝလည်း မဆက်ဆံလို့ မရဘူး။

“ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အခုငါးလုပ်ငန်းဆိုလည်း ခရိုနီပဲ ခေါင်းဆောင်ထားတယ်။ ကုန် သည်နဲ့စက်မှုလုပ်ငန်းဆိုလည်း ခရိုနီပဲ လေ။ သူတို့နဲ့အစ်မတို့ စကားမပြောဘူး ဆိုရင် ဘယ်လိုလုပ်ဆက်ပြီး အလုပ်လုပ် မလဲ။ဟုတ်တယ်မလား။ လုံးဝစကား မပြောလို့လည်း မရဘူး။ဒါပေမယ့် သူတို့ရဲ့ အကူအညီကိုတော့ တို့ကလုံးဝ မယူပါဘူး။ တို့ဘာသာတို့ပိုက်ဆံနဲ့ တို့သွားတယ်။

“ဒီကဝန်ကြီးတွေလည်း မေးလို့ရပါတယ်။ အားလုံးပါတာပဲ။ တို့ပိုက်ဆံနဲ့တို့သုံးတယ်။ ဝယ်စရာရှိ တာဝယ်စားတယ်။ စားစရာရှိရင်တောင် ဟိုဖက်က အစိုးရအဖွဲ့က ကျွေးတာပါ။ ဟိုဘက်ကခရိုင်ဝန်က ကျွေးတာပါ။ဟုတ်ပီနော်။ အဲဒါကအရှင်းဆုံးပဲ”