ရခိုင်အမျိုးသားကွန်ရက် ကော့သောင်းတွင်ဖွဲ့

0
412

ကော့သောင်းတွင်ရခိုင်အမျိုးသား ကွန်ရက်ကိုဖွဲ့စည်းလိုက်ပြီး မေလ ၂၉ ရက်က ရွှေဟင်္သာရပ်ကွက်တွင် ကွန်ရက် ရုံးခန်းကို ဖွင့်လှစ်ခဲ့သည်။
ကော့သောင်းတွင်နေထိုင်သည့် ရခိုင်လူမျိုးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် ယခုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက် (ကော့သောင်း) ရုံး ပြန်ကြားရေးတာဝန်ခံ ကို ကျော်သန်းကပြောသည်။

“ကော့သောင်းဒေသ အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို တစ်ခြား ပရဟိတအဖွဲ့တွေနဲ့ လည်း ပူးပေါင်းပြီး လုပ်သင့်တာလုပ်သွားမှာပါ၊ ပါတီထောင်မှာတော့ မဟုတ်ဘူး” ဟု ၎င်းက ထပ်မံရှင်းပြသည်။
အဆိုပါ ကွန်ရက်တွင်လုပ်ငန်း ကော်မတီနှင့် အဖွဲ့ဝင် ၁၉၂ ဦးရှိကြောင်း သိရသည်။