ထားဝယ်မြစ်ကို မဖြစ်မနေ တူးဖော်ရမည်ဟုဆို

0
440

တဖြည်းဖြည်း တိမ်ကောလာသည့် ထားဝယ်မြစ်ကို မဖြစ်မနေတူးဖော်ရမည် ဖြစ်ပြီး ယခုနှစ်မိုးအကုန်တွင်သောင်တူး ဖော်ရန် အစီအစဉ်ရှိကြောင်း ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောကြားသည်။

ဇွန်လ ၈ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမ ပုံမှန် အစည်းအဝေး ၄၁ ရက်မြောက် နေ့တွင် ထားဝယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးအောင်စိန်၏ထားဝယ် မြစ် သဲသောင်တူးရန်နှင့် ရေလမ်းကြောင်း အဆင့်မြှင့်ရန် ရှိ^မရှိ မေးခွန်းကိုဝန်ကြီး က အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်စိန်က ထားဝယ်မြစ် အထက်ပိုင်းတွင် သစ် တောပြုန်းတီးခြင်း၊ သတ္တုတူးဖော်ခြင်း တို့ကြောင့်မြေဆီလွှာ တိုက်စားကာ နှုန်း အနည်ကျမှုများလာပြီးရေလမ်း ကြောင်းပြောင်းလာကြောင်း ဦးအောင် စိန်က ပြောသည်။ သောင်ထွန်းခြင်းကြောင့် ရေလမ်း ကြောင်းပြောင်းကာ ကမ်းရိုးတန်းသွား သင်္ဘောများ၊ စက်လှေများအချိန်မရွေးအန္တရာယ်ကင်းစွာ သွားလာနိုင်ခြင်းမရှိ တော့ သည့်အပြင် မြစ်ရေကြီးခြင်းကြောင့် အနီးအနားရှိ လယ်များပျက်စီးနေရ ကြောင်းဦးအောင်စိန်က မေးခွန်းတွင် ထည့်သွင်းပြော ဆိုခဲ့သည်။
ထားဝယ်မြစ်ကြောင်း တစ်လျှောက် ရှိသောင်များကြောင့် ကုန်တင်ရေယာဉ် ကြီးများသည် ရေထရက်နှင့် ရေကြီးရက် များတွင်သာမြို့တွင်း ဝင်ရောက်နိုင်သည့် အတွက် ထားဝယ်မြစ်ကို မဖြစ်မနေတူး ဖော်ရမည်ဖြစ်ကြောင်း ဝန်ကြီးဦးသန့် ဇင်မောင်က ပြောကြားသည်။

သောင်တူးဖော်မည်ဆိုပါက ၁ကုဗ မီတာလျှင် ၃ ဒေါ်လာခန့် ကုန်ကျ မည်ဖြစ် သည့်အတွက် နိုင်ငံခြားငွေများစွာ အကုန် ကျ ခံဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင် ရာ ဌာနနှင့်ပူးပေါင်းကာ ယခုနှစ် မိုး အကုန်တွင် ဆောင်ရွက်နိုင်အောင် စီစဉ်ထားသည်ဟု ဝန်ကြီးက ဆိုသည်။
ထားဝယ်မြစ်သည် ထားဝယ်ခရိုင် လေးမြို့နယ်၏အဓိကကျသည့်မြစ် တစ် စင်း ဖြစ်သည်။