” ဘယ်နေရာမှာနေနေ ကိုယ်ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာမရှိဘူး “

0
963

ထားဝယ်ဒေသတွင် တက္ကသိုလ်ဝင်တန်းဘာသာစုံဂုဏ်ထူးမထွက်သည်မှာ ၁၉၉၉ခုနှစ်ကတည်းက ထားဝယ်ဒေသနှင့် ၁၇ နှစ်ကြာဝေးကွာနေသည့် ခြောက်ဘာသာဂုဏ်ထူး (ဘာသာစုံဂုဏ်ထူး) ကို ယခု ၂၀၁၆ခုနှစ်၌ ပြန်လည်ရယူပေးလိုက်သော အ.ထ.က (၁) ထားဝယ်မှ မခြူးဆက်စံသာနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

တနင်္သာရီ – အောင်စာရင်းထွက်တဲ့အချိန် ဘာသာ စုံဂုဏ်ထူးထွက်တယ်လို့ ကြားရတော့ညီမအနေနဲ့ ဘယ်လိုခံစားရလဲ။
ခြူးဆက်စံသာ – အရမ်းပျော်တယ်။ သမီးတို့ ထားဝယ်မှာ ၁၉၉၉ ခုနှစ်တုန်းက သမီးဝမ်းကွဲ အစ်ကိုက ဘာသာစုံဂုဏ်ထူးထွက်တယ်။ အဲဒီ နောက်ပိုင်း ထားဝယ်ခရိုင်မှာဘာသာစုံဂုဏ်ထူး မထွက်တာ ၁၆ နှစ်ဖြစ်သွားပြီရှင့်။ သမီးအနေနဲ့ ဘာသာစုံ ဂုဏ်ထူးထွက်မယ်ဆိုလည်း ထားဝယ်မြို့ ကနေပြီးထွက်ချင်တယ်။ ပြီးတော့ထားဝယ်ခရိုင်က သုံးထပ်ကွမ်း လူရည်ချွန်လည်း ဖြစ်ချင်တယ်။ ဒါကြောင့် ရန်ကုန်တွေမှာ သွားမနေဘဲထားဝယ်မှာပဲ ဖြေဖြစ်တာပါရှင့်။

khine_nyein_swe
တနင်္သာရီ– ညီမအနေနဲ့ တစ်နှစ်ပတ်လုံးအတွက် စာကျက်ချိန်တွေကို ဘယ်လိုစီမံခန့်ခွဲခဲ့လဲ။
ခြူးဆက်စံသာ – မနက်ဆိုရင် ၅ နာရီခွဲအိပ်ရာထ တယ်။ ၆ နာရီကနေ ၈ နာရီအထိ စာကျက်တယ်။ ၈ နာရီ ၄၅ မိနစ်ကနေ ၃ နာရီထိ ကျောင်းသွားတယ်။ လေးနာရီကနေ ၇ နာရီ အထိ ကျူရှင်သွားတယ်။ ည၈နာရီကနေ ည၁၁နာရီခွဲအထိ စာကျက်တယ်။ကျောင်းမှာနေရင်လည်း ဆရာမတွေသင်တဲ့စာ တွေကို သေသေချာချာ နားထောင်တယ်။ နည်းနည်းအားတဲ့အချိန်တွေရှိရင် ကျက်စာတွေကို ကျောင်းမှာတင်ပြီးအောင် ကျက်တယ်။ မပြီးတဲ့ စာတွေမှအိမ်မှာ ကျက်တယ်။ မေးခွန်းဟောင်း တွေကိုလည်း နေ့တိုင်းနေ့တိုင်း ပြန်ပြီးတွက်ချက် တယ်။ စာစီစာကုံး၊ အက်ဆေးနဲ့ Letter တို့ကို လည်း အပတ်စဉ် တစ်ပုဒ်စီရေးဖြစ်တယ်။ တွက် စာတွေကိုတော့ နေ့အလိုက်ခွဲပြီး လုပ်တယ်။ သင်္ချာ နေ့မှာဆို သင်္ချာမေးခွန်းဟောင်းတွေကိုတွက် တယ်။ တစ်ရက်ကို တစ်ဘာသာလုပ်တဲ့အချိန် စာရင်းဆွဲ ထားတယ်။
တနင်္သာရီ – ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက် ရမယ်လို့ အရင်ကတည်းက ရည်ရွယ်ချက်ထားခဲ့ လား။
ခြူးဆက်စံသာ – ဟုတ်ကဲ့။ ရည်မှန်းထားပါတယ်။ စတက်ကတည်းကဘာသာစုံဂုဏ်ထူးထွက်ရမယ်လို့ ကိုယ့်ကိုကိုယ် စိတ်ဆုံးဖြတ်ထားပါတယ်။
တနင်္သာရီ – ဆယ်တန်းဆိုတော့သိတဲ့အတိုင်း စာတွေများတော့ ဖိအားတွေ၊ အခက်အခဲတွေ တွေ့ခဲ့မှာပေါ့။ အဲ့ဒီဖိအားတွေ၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ခြူးဆက်စံသာ– ဆယ်တန်းဖြေတဲ့တစ်နှစ်မှာ ဘာသာစုံဂုဏ်ထူးထွက်ဖို့ အပျော်အပါးတွေ လျော့ ပြီး အားလပ်ချိန်တွေမှာ ရောဖိအားတွေ၊ အခက် အခဲတွေကို သည်းခံပြီးအပြင်းအထန် ကြိုးစားပါ တယ်။ နေ့တိုင်းတစ်နေ့ပေးတဲ့စာ တစ်နေ့ပြီးအောင် လုပ်ပြီး စောစောအိပ်ပါတယ်။ သီတင်းကျွတ်လ ပြည့်နေ့တို့လို နေ့ကြီးရက်ကြီးတွေမှာတော့ နည်း နည်းပါးပါး နားချိန်ယူပါတယ်။
တနင်္သာရီ– ဘာသာစုံဂုဏ်ထူးထွက်အောင် ညီမကို အဓိကထောက်ပံ့ပေးတဲ့သော့ချက် က ဘာလဲ။
ခြူးဆက်စံသာ – ကိုယ့်ရဲ့စိတ်ကတော့အဓိကအချက်ပေါ့နော်။ ဒုတိယတန်းလောက်က တည်းက ဆယ်တန်းရောက်ရင် ဘာသာစုံဂုဏ်ထူးထွက်အောင်လုပ်မယ်လို့ သဓိဌာန်ချပြီး ကြိုးစားခဲ့တယ်။
တနင်္သာရီ – ဘာကြောင့်အဲလိုအခိုင်အမာဆုံးဖြတ်ချက်ချနိုင်ခဲ့တာလဲ။
ခြူးဆက်စံသာ-နှစ်တိုင်းဆယ်တန်းအောင်စာရင်း ထွက်တဲ့အချိန်ဆိုရင် ဘာသာစုံဂုဏ်ထူးထွက်တဲ့ အစ်ကိုတွေ၊ အစ်မတွေကိုကြည့်ပြီးအားကျတဲ့ အတွက် ခုလိုဆုံးဖြတ်ချက်ချနိုင်ခဲ့တာ ပါရှင့်။
တနင်္သာရီ -ညီမလေးအနေနဲ့ နောက်တက်လာမယ့် ကျောင်းသားတွေအပေါ် တခြားပြောချင်တာတွေ ရှိသေးလား။
ခြူးဆက်စံသာ – မြို့ကြီးပြကြီးတွေမှာ ကျောင်း သွားတက်မှမဟုတ်ဘူး။ ဘယ်နေရာမှာနေနေ ကိုယ်ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာမရှိဘူး။ ထားဝယ်မှာ ကျောင်းတက်ရတဲ့အတွက်အား မငယ်ဘဲ ကြိုးစားသွားမယ်။ ပြီးတော့တစ်နှစ် အတွင်း အပျော်အပါးတွေ ဘေးဖယ်ပြီးတော့ စာကို အာရုံစိုက်ပြီး ကြိုးစားသွားပါလို့ ပြောချင်ပါတယ်။
တနင်္သာရီ – ရှေ့ဆက်ပြီးတော့ ဘ၀ကိုဘယ်လို လျှောက်လှမ်းသွားမယ်လို့ စိတ်ကူးထားတာလဲ။
ခြူးဆက်စံသာ – ကိုယ့်နိုင်ငံမှာ နေထိုင်တဲ့သူ တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကုသပေးနိုင် တဲ့ ထူးချွန်တဲ့သမားတော်တစ်ယောက် ဖြစ်ချင်တဲ့ အတွက် ဆေးတက္ကသိုလ်ကို တက်မယ်လို့ စိတ်ကူး ထားပါတယ်။
တနင်္သာရီ – တခြားပြောချင်တာတွေ ရှိသေးလား။
ခြူးဆက်စံသာ – ခုလို ခြောက်ဘာသာဂုဏ်ထူး ရှင်ဖြစ်အောင် မူကြိုကနေခုချိန်ထိ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။အစစအရာရာ အဆင်ပြေအောင် ကူညီထောက်ပံ့ ပေးခဲ့တဲ့ မိဘတွေနဲ့ ဆွေမျိုးတွေကိုလည်းအရမ်း ကျေးဇူးတင်ပါတယ်။

ကိုယ်ရေးအကျဉ်း
အမည်-မခြူးဆက်စံသာ
ခုံအမှတ်-တထ-၇၂
မိဘအမည်-ဦးတင်မောင်ထွန်း+ဒေါ်ဂင်ဆွေ
နေရပ်လိပ်စာ-အမှတ် (၅၁)၊ အာဇာနည်လမ်း၊ ကညုံရပ်၊ထားဝယ်မြို့။
တက်ရောက်ဖြေဆိုခဲ့သည့်ကျောင်း – အ.ထ.က(၁)ထားဝယ်။
မခြူးဆက်စံသာ၏ရရှိခဲ့ပြီးသောထူးချွန်ဆုများ – နိုင်ငံတကာလူငယ်ပေးစာပြိုင်ပွဲ (ဗဟိုအဆင့်) အထူးဆု၊ အထက်တန်းပညာသင်ဆု၊ န၀မတန်းတွင် သင်္ချာအိုလံပစ်၊ ဒဿမတန်းတွင်ဘက်စုံပညာ ထူးချွန်စာပေ (အတွဲ-ရ) (တိုင်းအဆင့်) တွင် ပထမ၊ ဘက်စုံထူးချွန်လူရည်ချွန် (၃) ထပ်ကွမ်းဆုအပါ အဝင်မူလတန်းမှ ဒဿမတန်းအထိ ဆုပေါင်း ၄၇ ဆုရရှိခဲ့၊