ဘုရားကိုင်ချောင်း ရေမြောင်းပိတ်

0
371

မြိတ်မြို့နယ်ရှိ အဓိက ကျသော ချောင်းတစ်ခု ဖြစ်သည့် ဘုရားကိုင် ချောင်းရိုး တလျှောက် ကျောက်တန်း နံရံများ ပြီးစီးမှု မရှိသေးသည့် အတွက် ရေမြောင်း ပိတ်ဆို့လျက်ရှိကြောင်း ယင်း ချောင်းရိုး အနီး နေထိုင်သူများက ပြော ကြားသည်။


ဘုရားကိုင် ချောင်းအဆုံး တစ်နေ ရာတွင် ကျောက်တန်းစီ လုပ်ငန်းများ မပြီးသေးသည့် အတွက် ကန်ဖျား ရပ်ကွက်နှင့် မြို့မ (၁) ရပ်ကွက် တို့ အကြား ရှိ ရေမြောင်းများ ရေမစီးနိုင်ခြင်း၊ မြောင်းအတွင်း အမှိုက်များဖြင့် ပြည့်သိပ် နေခြင်းတို့ ကြုံတွေ့နေကြောင်း ယင်းရပ် ကွက်နေ သူတစ်ချို့က ဆိုသည်။

phayar_kan_chaung
“ချောင်းမြန်မြန်ပြီးမှ ရေတွေ ဆင်း နိုင်မယ်။ အမှိုက်တွေကိုလည်း မြောင်း ထဲပစ်ချတာမျိုး မလုပ်သင့်ဘူး” ဟု မြို့မ (၁) ရပ်ကွက်နေ ဒေါ်ချိုအေးက ပြောပြ သည်။ချောင်းရေစီး ရေလာကောင်းမွန်ရေး ကျောက်တန်းစီရန် ယမန်နှစ်က ချထား သော ဘဏ္ဍာ ငွေပြည့်သွားပြီ ဖြစ်ပြီး ထပ်မံ လုပ်ကိုင်မည့် ပေ၂၇၅၀ အတွက် ကုန်ကျငွေကို ထပ်မံတင်ပြ ထားဆဲ ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဘုရားကိုင်ချောင်း အတွင်းသို့ ကန်ဖျားရပ်ကွက်၊ မြိတ်တောင် နယ်မြေ နှင့် အလယ်ကျွန်း နယ်မြေတို့ရှိ ရေ မြောင်းများမှ ရေများစီးဆင်းကြပြီး ယင်း ချောင်းမှတဆင့် မြစ်အတွင်း စီး ဝင်သည်။