ကော့သောင်းတွင် လူသတ်မူဖြစ်

0
379

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ် ကွက်တွင် ဇွန်လ ၁၁ ရက်တွင် လူသတ် မူတစ်ခုဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူနှင့် ခံရသူတို့မှာ လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း စကား များရန်ဖြစ်ကြပြီး ထိုရက်နံနက် ၂ နာရီ ခန့်တွင်မှ တရားခံမြင့်နိုင်က လာရောက် ရှာဖွေကာ သုံးမြှောက်ချွန်စကေဘာဖြင့် ထိုးခဲ့ကြောင်း တရားခံ၏ဝန်ခံချက်ကို ကိုးကား၍ အထက်ပါစခန်းမှ ဒုရဲအုပ် တစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် သုံးရက်က စကားများ ရာ မြင့်နိုင်နားရွက်တွင် ဒဏ်ရာရခဲ့ သည်ကို မကျေနပ်သဖြင့် အဖော်တစ်ဦး ခေါ်ကာ သေဆုံးသူကို လာရောက်ထိုး ခဲ့ခြင်းကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ပြစ်မှုကျူးလွန်သူ မြင့်နိုင်သည် အသုဘ အိမ်များသို့ အမြဲသွားရောက်ပြီး ဖဲလောင်းကစား ပြုလေ့ရှိပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်ကာ စကေဘာ အမြဲ ဆောင်ထားတတ်သူဖြစ်ကြောင်း ဒုရဲအုပ်က ပြောသည်။

ယင်းအပြင် ၎င်းကိုရပ်ကွက် အတွင်း ကောင်းမွန်စွာ နေထိုင်ခြင်းမရှိ၍ ၂၀၁၅ ခုနှစ်အတွင်း ခြေချုပ်နှင့် ခံဝန် ဥပဒေအရ အရေးယူဆောင်ရွက်ထား ခြင့်ခံရသူဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒဏ်ရာရရှိသူမှာ ဝဲဘက်ရင်ညွှန့် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် ဆေးရုံ တွင် သေဆုံးခဲ့သည်။