လူငယ်များနှင့် လစဉ်ပုံမှန်တွေ့ မည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌဆို

0
440

လူငယ်များ၏အကြံဥာဏ်နှင့် ပူးပေါင်း ပါဝင်မှုကိုရယူနိုင်ရန်လစဉ်ပုံ မှန်တွေ့ဆုံမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင် မောင်အေးက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရှိ လိုအပ်ချက်များကို တိုင်းအစိုးရအဖွဲ့ သို့တိုက်တွန်းနိုင်ရန် လူငယ်များနှင့် လစဉ်တွေ့ဆုံကာ ဆွေးနွေးတိုင်ပင် မည်ဖြစ် ကြောင်းဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် ထားဝယ်ခရိုင်အတွင်းရှိလူငယ်အဖွဲ့များနှင့် တွေ့ဆုံပွဲတွင်ပြော ကြားခဲ့ ခြင်းဖြစ်သည်။

” အစိုးရကို တိုက်တွန်းတဲ့အခါမှာ လူငယ်တွေကို ကိုယ်စားပြုတဲ့အသံတွေ လည်းပါအောင် တွေ့ဆုံတာဖြစ်ပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။မြိတ်၊ ကော့သောင်းခရိုင်များမှ လူ ငယ်များနှင့် လည်းတွေ့ဆုံရန် အစီအစဉ် ရှိပြီး စီးပွားရေး လုပ်ငန်းရှင်များ၊လယ် သမားများ စသဖြင့် ကဏ္ဍပေါင်းစုံမှပြည် သူများနှင့် တွေ့ဆုံဆွေးနွေးရန်အစီအစဉ် ရှိသည်ဟု၎င်းက ဆိုသည်။

 
ဇွန်လ၄ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ် သည့် လွှတ်တော်ဥက္ကဋ္ဌနှင့်လူငယ်များတွေ့ဆုံပွဲတွင် ထားဝယ်ဖွံဖြိုးရေးအဖွဲ့၊ထားဝယ်တက်ကြွလူငယ်အဖွဲ့၊  Dawei Watch Foundation၊ ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ လောကအလင်း၊ကလျာဏမိတ္တ စသဖြင့် အဖွဲ့အစည်းများမှလူငယ်များ တက် ရောက်ခဲ့ကြသည်။