ရဲမှူးအယောင်ဆောင် ဖုန်းကတ်ဖြည့်ခိုင်းမှု ကော့သောင်းသို့ ကူးစက်

0
408

ပြီးခဲ့သည့် နှစ်က ထားဝယ်နှင့် မြိတ်မြို့တို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့ သည့် ရဲမှူး အယောင်ဆောင်ကာ ဖုန်းငွေ လိမ်လည်ဖြည့်ခိုင်းသည့် ဖြစ်စဉ် ယခုရက်ပိုင်းအတွင်းကော့သောင်းမြို့သို့ ကူး စက်ဖြစ်ပွားလာသည်။

ဖုန်းဆက်လာသူက မြို့နယ် ရဲမှူး ဖြစ်သည်ဟုမိတ်ဆက်ပြီး အစည်းအဝေး ခန်းထဲ ရောက်နေသည်ဟု ဆိုကာဖုန်းငွေ ဖြည့်ခိုင်းခြင်း ဖြစ်ကြောင်း ကြုံရသည့် အုပ်ချုပ်ရေးမှူးများက ပြောသည်။”ပြောပုံဆိုပုံနဲ့ အသံကြားရတာမရိုးသားဘူးဆိုတာသိလို့ စခန်းမှူးကို ဖုန်းဆက်မေးလိုက်တော့ မဟုတ်ဘူးဖြစ် နေတယ်” ဟုကိုယ်တိုင် ကြုံတွေ့ခဲ့ရ သည့် ပိတောက်ရွှေဝါ အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က ဆိုသည်။

ယင်းကဲ့သို့ ဖုန်းငွေ လိမ်လည် ဖြစ် ခိုင်းမှု အခြားရပ်ကွက်များတွင်လည်း ဖြစ်ပွားပြီးတချို့ အုပ်ချုပ်ရေးမှူးများသည် ကျပ် ထောင်ဂဏန်းထည့်ပေးခဲ့ပြီးတချို့ မှာကျပ် ၇၀၀၀၀ အထိ ဖြည့်ပေးခဲ့ သည်ဟု သိရသည်။ဖုန်းဆက်သူမှာ ဖုန်းကတ်များ ပြောင်း ပြီးအုပ်ချုပ်ရေးမှူးတစ်ဦးခြင်း အလိုက် ဖုန်းဆက်လိမ်နေသည်ဟု သိရသည်။