ပြောင်းလဲမလား အသေခံမလား

0
102

ကျွန်တော်တို့ဟာ ပြောင်းလဲရမှာကို စိုးရွံ့နေတတ်ကြပါတယ်။
ဘာဖြစ်လို့လဲဆိုရင် လက်ရှိတည် ငြိမ်နေတဲ့ဘ၀ ယိမ်းယိုင်သွားမှာ စိုးရိမ် ကြလို့ပါပဲ။ ဒါကြောင့် လက်ရှိ ရောက်နေတဲ့ အနေထားအတိုင်း အလိုက်သင့်လေး မျှောလိုက် နေတတ်ကြပါတယ်။ တစ်နည်း အားဖြင့် comfort zone ထဲမှာပဲ ငြိမ့်နေရတာကိုပဲ ကျေနပ်နေကြတာပါ။ ဒါပေမယ့်လည်း အမြဲတမ်းတော့ နေလို့ ရလိမ့်မည် မထင်ပါ။ တစ်ချိန်ချိန်မှာတော့ အခြေအနေတစ်ခုခု အကြောင်းတရား တစ်ခုခုကြောင့် ပြောင်းလဲဖို့ ခသ်ာသမအ ဖသညနထဲကနေ ထွက်ကောင်း ထွက်ရပါ လိမ့်မယ်။

လောကနိယာမ တရားအရလည်း တည်မြဲခြင်းဆိုတာ ရှိအံ့မထင်။ အရာရာ တိုင်းဟာ အချိန်အပိုင်းအခြား တစ်ခုခုမှာ တစ်နည်းနည်းနဲ့ ပြောင်းလဲနေကြတာပဲ မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာ သည်ပင်လျှင် အချိန်နဲ့အမျှ ပြောင်းလဲ ပျက်စီးနေတာပဲ မဟုတ်လား။ ဝိပဿနာ ဥာဏ်မျက်စိနဲ့ ကြည့်မယ်ဆိုရင် စက္ကန့် မခြား ပြောင်းလဲခြင်းတရား ဖြစ်ပျက်မှု သဘောကို တွေ့ကြရမှာပါ။ မြတ်ဗုဒ္ဓရဲ့ အယူဝါဒကလည်း အတ္တဝါဒ မဟုတ် အနတ္တဝါဒ သာလျှင် ဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေ အပါအဝင် သတ္တဝါအပေါင်းဟာ မျိုးသုဉ်းပျောက် ကွယ်မသွားဘဲ ဆက်လက် အသက်ရှင်ကျန် ရစ်ဖို့ ပြောင်းလဲမှုနောက် လိုက်နေကြရပါ တယ်။ ဆောင်းခိုငှက်လေးတွေ ကိုပဲကြည့်ပါ အသက်ဆက်လက်ရှင်သန်ဖို့အတွက် နေရာ ဟောင်းကိုစွန့်ပြီး နေရာသစ်ကို ပြောင်း ရွှေ့ထွက်ခွာ လာတတ်ကြတာကို အားလုံး အသိပါ။
change_or_die

တချို့သော သတ္တဝါတွေ ဆိုလည်း ရန်သူ့ဘေးအန္တရာယ်ကင်းဖို့ သူတို့ရဲ့ အရောင်တွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းတတ်ကြပါတယ်။ အိမ်မြှောင်လေးတွေ ဆိုရင်လည်း အန္တရာယ် နဲ့ ရင်ဆိုင်တွေ့ချိန်မှာ ရန်သူကို လှည့်စား ဖို့အတွက် သူတို့ရဲ့အမြီးကို ဖြတ်ထားရစ် တတ်ကြပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဆာမူရိုင်းဆိုတဲ့ ငါးမျိုးစိတ်တစ်ခုရှိပါတယ်။ အဲဒီငါးလေး တွေဟာ ဆာမူရိုင်းနဲ့တူလို့ ဂျပန်တွေက ဖမ်းယူစားသောက်ခြင်း မပြုကြပါဘူး။ အဲဒါကိုသိလို့ ငါးလေးတွေဟာ သူတို့ရဲ့ ပုံသဏ္ဌာန်ကို ဆာမူရိုင်းနဲ့တူအောင်ပြောင်း လာကြတာ အခုဆိုရင် အဲဒီငါးမျိုးစိတ်ဟာ အတော်လေးကို များပြားနေပြီလို့ သိရပါ တယ်။ တိရိစ္ဆာန်လေးတွေတောင်မှ သူတို့ ဘ၀ရှင်သန်ရပ်တည်ဖို့ ပြောင်းလဲရကောင်း မှန်း သိကြပါတယ်။ သို့သော်လည်း ကမ္ဘာ ပေါ်မှာ အပင်မျိုးစိတ်တွေနဲ့ တိရိစ္ဆာန် မျိုးစိတ် တချို့ဟာ ရာသီဥတု ပယောဂ၊ သဘာဝ ဘေးအန္တရာယ်ပယောဂနဲ့ လူတွေ ရဲ့ပယောဂတွေကြောင့် မျိုးသုဉ်း ပျောက် ကွယ် သွားကြပါပြီ။ အင်မတန်မှ နှမြောဖို့ ကောင်းပါတယ်။

ဒီနေရာမှာ လင်းယုန်ငှက်တွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း ကိုလည်း အနည်းငယ် ဝေမျှချင်ပါတယ်။ လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက် အရှည်ဆုံး ငှက်မျိုးစိတ်တစ်မျိုးပါ။ နှစ် ၇၀ လောက် သက်တမ်းရှိပါတယ်။ ဒါပေ မယ့်လည်း နှစ် ၄၀လောက် အရောက် မှာတော့ သူ့ဘ၀ ဆက်လက်ရှင်သန်နိုင်ဖို့ စဉ်းစားဆုံးဖြတ်ရမယ့်အချိန် ရောက် လာပါတယ်။ အသေခံမလား အနာခံ မလားဆိုတာ ရွေးချယ်ဆုံးဖြတ် ရပါ တယ်။

အကြောင်းကတော့ သူ့သက်တမ်း ၄၀ လောက် ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ လက်သည်းတွေဟာ စတင် ပျက်စီးလာပြီး နှုတ်သီးဟာလည်း ရင်ဘတ်ထိအောင် ကောက်ပြီးတော့ ရှည်ထွက်လာပါတယ်။ အမွေးတွေကလည်း အရမ်းထူလာတဲ့ အတွက် တောင်ပံတွေဟာ လေးလံလာပြီး ပျံသန်းရာမှာ အတော်ကို ခက်ခဲ ပင်ပန်း လာပါတော့တယ်။ အဲဒီချိန်မှာ လင်းယုန် ငှက်ဟာ အသက်ဆက်ရှင်ဖို့အတွက် စွန့်စားရမယ့်လမ်းကို ရွေးချယ်ပြီးတော့ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်း ကျော်လွှားရပါတယ်။ လင်းယုန်ငှက်ဟာ မြင့်မားတဲ့တောင်တစ်ခုဆီ ပျံသွား ပြီးတော့ အသိုက်တစ်ခုကို ဆောက်ပါတယ်။ ပထမ ဆုံးအနေနဲ့ သူ့ရဲ့နှုတ်သီးကို ကျောက် ဆောင်နဲ့ ရိုက်ချိုးလိုက်ပါတယ်။ နှုတ်သီး အသစ် ထွက်လာတာကို စောင့်ရပါတယ်။ နှုတ်သီးအသစ် ထွက်လာရင် သူ့ရဲ့နှုတ်သီး နဲ့ ခြေသည်းတွေကို တစ်ချောင်းချင်း နှုတ်ရပါတယ်။ ခြေသည်း အသစ်တွေ ထွက်လာ ပြီးရင်တော့ အတောင်တွေကို တစ်ခုပြီးတစ်ခု နှုတ်ရပါတယ်။ အတောင် တွေ အသစ်ထွက် လာပြီးတဲ့ အချိန်ထိဆိုရင် သူ့ရဲ့ ပြောင်းလဲမှု ဖြစ်စဉ်ဟာ ရက်ပေါင်း ၁၅၀ သို့မဟုတ် ခြောက်လနီးပါလောက် ကြာမြင့် သွားပါတယ်။ ပြီးရင်တော့ နောက် ထပ် နှစ်၃၀လောက် ဆက်လက်ရှင်သန်ပြီး နှစ်၇၀လောက် နေထိုင်သွားပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ change ဆိုတဲ့ ပြောင်းလဲမှုကို ပြနေတာပါပဲ။ ကျွန်တော်တို့ ဟာလည်း ဘ၀မှာ အောင်မြင်ချင်ရင်တော့ ပြောင်းလဲမှု လုပ်ရမှာပါ။ Comfort zone ထဲက ထွက်မှရမှာပါ။ လင်းယုန်တစ် ကောင်ဟာ အသက်ရှင်သန်ဖို့အတွက် ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ သူ့ရဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်နိုင်သေးတာပဲ ကျွန်တော်တို့ လူသားတွေက ဘာဖြစ်လို့ မပြောင်းလဲနိုင်ရမှာလဲ။ လူသားတွေ အတွက်ကတော့ ပြောင်းလဲမှုလုပ်ရာမှာ လင်းယုန် ငှက်လောက် နာကျင်မှာ မဟုတ် ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော် တို့က ကျွန်တော်တို့ရဲ့စိတ်ကိုပဲ ပြောင်းလဲ ဖို့လိုမှာပါ။ တစ်နည်းအားဖြင့် ကျွန်တော် တို့ရဲ့ mind-set ကို ပြောင်းရမှာပါ။ အတွေးအခေါ်ဟောင်း၊ အမူအကျင့် ဟောင်းတွေနဲ့ မကောင်းတဲ့ စရိုက်တွေကို ပြောင်းပစ်ရမှာပါ။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို memory stick တစ်ချောင်း လို့ သဘောထားရင် လင်းယုန်ငှက်လိုပါပဲ နှစ်လေးဆယ်လောက်ဆိုရင် full ဖြစ်ဖို့ များပါတယ်။ space သိပ်ကျန်တော့မှာ မဟုတ်ပါဘူး။ အဲဒီထဲမှာ အသုံးမတည့် တော့တဲ့ file တွေ၊ အသုံးမတည့်တော့ တဲ့ application တွေအများကြီး ရှိနေမှာ ပါ။

လူကိုဒုက္ခပေးမယ့် လငမကျ တွေလည်း ရှိကောင်းရှိနေမှာပါ။ ဒါကြောင့် မလို အပ်တော့တဲ့ အတွေးအခေါ် ဟောင်းအမူ အကျင့်ဟောင်းတွေကို delete လုပ်၊ ဦးနှောက်ကို သံချေးတက်စေမယ့် မကောင်း တဲ့အကျင့်ဆိုး လငမကျ တွေကို ရှင်းပစ် ဖို့လိုမှာပါ။ ဒါမှလည်း နောက်ထပ်နှစ် ၃၀ လောက် ဆက်လက်အသက်ရှင် နိုင်ဖို့ အတွက် အောင်မြင်နိုင်ဖို့အတွက် အသုံး တည့်မယ့် application တွေကို ထပ်မံ ထည့်သွင်းလို့ရမှာပါ။ ဒီလိုမှမလုပ်ရင်တော့ ကျွန်တော်တို့ဟာ အတွေးအခေါ်ဟောင်း အမူအကျင့်ဟောင်းတွေကို ဖက်တွယ် ထားရင်းနဲ့ အတိတ်မှာနောက်ကျ ကျန်ခဲ့ မှာပါ။ မကောင်းတဲ့ အကျင့်စရိုက်ဆိုး တွေက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို သေ ဆုံးသွားစေမှာပါ။ ဦးနှောက်သေနေတဲ့ လူတစ်ယောက်ဟာ အသက်ရှင်နေပေမယ့် လည်း ဘ၀ကတော့သေနေမှာပဲ။ ဘ၀မသေ ချင်ရင်တော့ ကျွန်တော်တို့ရဲ့ mind-set ကိုပြောင်းရမှာပါ။

ပြောင်းလဲမလား အသေ ခံမလား ဆိုတာကတော့ မိမိရဲ့ခံယူချက် အပေါ်မှာပဲ မူတည်နေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here