မြိတ်မှ ထိုင်းသို့ ချစ်ကြည်ရေး ပထမဆုံး မော်တော်ယာဉ် ခရီးစဉ်

0
339

မြိတ်မှထိုင်းသို့ ပထမဆုံး ချစ်ကြည် ရေး မော်တော်ယာဉ် ခရီးစဉ်ကို မေလ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ သွားရောက် ခဲ့သည်။
မော်တော်ယာဉ် ၂၂ စီးဖြင့် သွား ခဲ့သည့် ယင်းခရီးစဉ်တွင် ပရာ ကျွတ်နှင့် ဝါဟင်မြို့များရှိ အထင်ကရနေရာများ သို့ သွားရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် လည်း ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။


“ပရာကျွတ်မြို့နဲ့မြိတ်မြို့ကို မောင် နှမမြို့တော်အဖြစ်သတ်မှတ်ထားပြီး ဖြစ် လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် အ ဖြစ်သွားရောက်ရခြင်း ဖြစ်ပါတယ်” ဟု စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင် ဘာမှ စပြီး ထိုင်းနိုင်ငံမှ မော်တော်ယာဉ် ခရီးစဉ် ၃ ခေါက် မြိတ်သို့ လာရောက် ခဲ့ပြီး ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွား ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ သိရသည်။