ထီးခီးဂိတ်မှ ဝင်သည့် ပစ္စည်းတင်ကားများတွင် မူးယစ်ဆေးနှင့် လက်နက်များပါလာနိုင်ဟု မြို့ခံများ ထောက်ပြ

0
431

ထီးခီးနယ်စပ်ဂိတ်မှတဆင့် ထား ဝယ်ဒေသသို့ ဝင်ရောက်လာသည့် ပစ္စ ည်းတင်ကားများကို စစ်ဆေးမှုအားနည်း ခြင်းကြောင့် မူးယစ်ဆေးနှင့် လက်နက် များပါလာနိုင်ဟု ထားဝယ်မြို့ခံအချို့က ထောက်ပြသည်။

ထိုင်းနိုင်ငံထဲမှတစ်ဆင့် ထီးခီးနယ် စပ်ကိုဖြတ်ကာ ထားဝယ်မြို့အတွင်းသို့ ဝင်ရောက်နေသည့် ဟင်းသီးဟင်းရွက် နှင့် အေးခဲအသား တင်ဆောင်သည့် ကားများကို သက်ဆိုင်ရာအဖွဲ့များက စိစစ်ကြပ်မတ်မှု အားနည်းသည်ဟု ထား ဝယ်-ထီးခီး ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။ယင်းကြောင့် တရားမဝင် မှောင်ခို ပစ္စည်းများ အလွယ်တကူ သယ်ဆောင် လာနိုင်သည်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက သေချာကြပ်မတ်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

” ဟင်းသီးဟင်းရွက်တင်ကားတွေ ကို သေချာစစ်ဆေးမှုမရှိတော့ ဘာမဆို ပါလာနိုင်တယ်လေ” ဟု အဆိုပါ အမျိုး သားက ပြောသည်။
လိုင်စင်ရှိ^မရှိ အတိအကျ မသိရ သည့် ကားနံပတ်အနက် တပ်ဆင်ထား သော အဆိုပါကားများသည် ပကာရီရွာ တွင် ခေတ္တရပ်နားကြကာ ထားဝယ်မြို့ တွင်းသို့ ည ၁၀ နာရီခန့်တွင် ဝင်ရောက် လေ့ရှိကြသည် ထားဝယ်-ထီးခီးပြေးဆွဲ သည့် အခြားယာဉ်လိုင်းတစ်ခုမှ တာဝန် ရှိသူက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးနေမျိုးကမူ ယင်းကားများ ကို ဌာနပေါင်းစုံ ပါဝင်သည့်အဖွဲ့က ထီးခီးတွင် စစ်ဆေးလျက်ရှိပြီး လိုအပ် ပါက ရဲတပ်ဖွဲ့မှ မေတ္တာမြို့တွင် ထပ်မံ စစ်ဆေးသွားမည်ဟု ပြောသည်။

” တရားမဝင်ကားတွေနဲ့ဝင်လာ ရင်တော့ ဖမ်းဆီးသွားမှာဖြစ်ပြီး ကားကို သိမ်းဆည်းသွားမယ်” ဟု ရဲမှူးကြီးနေမျိုး ကပြောသည်။
အဆိုပါ ထီးခီးနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ဟင်းသီးဟင်းရွက်များ၊ အေးခဲကြက် သားများ တရားမဝင် ဝင်ရောက်နေ ခြင်းကြောင့် ဒေသခံ လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ဒေသ ခံလုပ်ငန်းရှင်များထံမှ သိရသည်။