သတ္တုလုပ်ငန်းကို ဒေသခံများ တရားဝင် စောင့်ကြည့်ခွင့်ရမည်

0
592

ထားဝယ်ခရိုင်အတွင်းရှိ သတ္တုတွင်း လုပ်ငန်းများကို စောင့်ကြည့်ရန် ဒေသခံများကို လုပ်ကွက်အလိုက်အဖွဲ့များဖွဲ့ကာ တာဝန်ပေး သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ဒေသခံများသာ ပါဝင်မည့် စောင့်ကြည့်ရေးအဖွဲ့များသည် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သတ္တုလုပ်ကွက်စိစစ်ရေး အဖွဲ့တို့က သတ္တုတွင်း ကုမ္ပဏီများကို ညွှန်ကြားသည့် ညွှန်ကြားချက်များကို လိုက်နာ၊ မနာ စောင့်ကြည့်ရမည် ဖြစ်သည်။ထားဝယ်ခရိုင် သတ္တုလုပ်ကွက် စိစစ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအပါအဝင် ဝန်ကြီး ၃ ဦးနှင့် သက်ဆိုင်ရာဌာနများပါဝင်ပြီး ယင်းအဖွဲ့သည် သတ္တုကုမ္ပဏီ များကို ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက် ရန် စစ်ဆေးကြပ်မတ်ရမည် ဖြစ်သည်။

ကုမ္ပဏီများ၏ လိုက်နာရန်အားနည်းသည့်အချက်များကို အထက် ပါ အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် ညွှန်ကြားခွင့်ရှိပြီး ညွှန်ကြားစာကို ဒေသခံစောင့်ကြည့်ရေး အဖွဲ့ကိုပါ မိတ္တူပေးရမည်ဖြစ် ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ဒသခံ စောင့်ကြည့်ရေးအဖွဲ့ တွေက ညွှန်ကြားထားတာတွေကို လိုက် နာမနာစောင့်ကြည့်ပြီး သတ္တုလုပ်ကွက် စိစစ်ရေးအဖွဲ့ကိုတင်ပြရမယ်” ဟု ဝန်ကြီးဦးမြင့်မောင်က ပြောသည်။ဒေသခံများ တင်ပြလာသည့် အ ချက်များအပေါ် သတ္တုလုပ်ကွက်စိစစ် ရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံး သပ်ချက်၊ အကြံပြုချက်များကို တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ ထပ်မံတင်ပြ ရမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လုပ်ပိုင်ခွင့်အာဏာထဲမှ အရေးယူ မှုများ လုပ်ဆောင်မည်ဟု ဝန်ကြီးက ဆိုသည်။” ဥပဒေပိုင်းဆိုင်ရာ အကြံဥာဏ် တွေ ရယူပြီး လုပ်ဆောင်မယ်။ ပြည် ထောင်စု အစိုးရကမှ လုပ်ခွင့်ရှိတဲ့အပိုင်း ဆိုရင် ပြည်ထောင်စု အစိုးရကို တင်ပြ သွားမယ်” ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

နောက်ပိုင်းတွင် သတ္တုနှင့်ပတ် သက်သည့် ပြင်ပ ကျွမ်းကျင်ပညာရှင် များကိုလည်း ဖိတ်ခေါ်၍ အဖွဲ့ဖွဲ့ စည်း ပြီး ၎င်းတို့၏ အကြံအဥာဏ်များကို ရယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။လက်ရှိတွင် ဒေသခံများသာ ပါဝင် သည့် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ စည်းရန် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးဦးစီး ဌာနများမှတဆင့် ရပ်^ကျေး အုပ်ချုပ် ရေးမှူးများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ဒေသခံ စောင့်ကြည့်ရေးအဖွဲ့သည် ဒေသခံလူထုကို ကိုယ်စားပြုသည့်အဖွဲ့ အစည်းဖြစ်ရန် လိုအပ်ပြီး ဒေသခံလူထု ကို ကိုယ်စားမပြုပါက သတ္တုလုပ်ကွက် စိစစ်ရေးအဖွဲ့မှ ကွင်းဆင်းဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော့ စောင့် ကြည့်နေတာပဲ။ အခုလို အဖွဲ့ဖွှဲ့ပြီ စောင့် ကြည့်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် အခုချိန်အထိတော့ အဖွဲ့ဖွဲ့ဖို့ဘာမှ မကြား ရသေးဘူး။ လူကြီးတွေကိုယ်တိုင် လာဖွဲ့ ပေးစေချင်တယ်” ဟု ဟိန္ဒားသတ္တုတွင်း ဧရိယာအနီးရှိ မြောင်းပြိုဒေသခံ အမျိုး သမီးတစ်ဦးက ပြောသည်။
ယင်းသို့အဖွဲ့များ ဖွဲ့စည်းပြီး စနစ်တကျ လုပ်ဆောင်နိုင်ရန် လိုအပ် ကြောင်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့(DDA) မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။
” အစီအစဉ်အားဖြင့်တော့ ကောင်း တယ်။ ဒါပေမယ့် ဌာနဆိုင်ရာအဖွဲ့နဲ့ ဒေသခံအဖွဲ့တို့ကြားမှာ လုပ်ပိုင်ခွင့်တွေ ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်” ဟု ဦးသန့်ဇင်က ဆိုသည်။

အထူးသဖြင့် ဒေသခံစောင့်ကြည့် ရေးအဖွဲ့အနေဖြင့် မည်သည့်အတိုင်း အတာအထိ စောင့်ကြည့်ခွင့်ရှိသည် ဆို သည်ကို တိတိကျကျ သတ်မှတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ဒေသခံ စောင့်ကြည့်ရေး အဖွဲ့များ အနေဖြင့် သတ္တုလုပ်ငန်းခွင့်အတွင်း ဝင် ရောက်ကာ စောင့်ကြည့်နိုင်ခွင့်ရရှိရေးအတွက် အစိုးရအဖွဲ့က ညှိနှိုင်း ဆောင် ရွက်ပေးရန်လိုအပ်သလို ကုမ္ပဏီဘက်မှ လည်း ကျေနပ်စွာ ခွင့်ပြုရန် လိုအပ်သည် ဟု ဦးသန့်ဇင်က ပြောသည်။
” စဖွဲ့ကတည်းက အစိုးရ၊ ကုမ္ပဏီ နဲ့ ဒေသခံ သုံးပွင့်ဆိုင်တွေ့ပြီး ညှိနှိုင်း ဖို့လိုတယ်။ ကုမ္ပဏီတွေ အနေနဲ့လည်း အခုလို လုပ်တာက ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်တယ်ဆိုတာကို နားလည် ဖို့ လိုပါတယ်” ဟု ၎င်းက ထောက်ပြသည်။

ထိုသို့မဟုတ်ပါက ကုမ္ပဏီနှင့် တာဝန်ရှိသူတို့အကြား မြေပြင်တွင် ပဋိပက္ခရှိလာနိုင်ကြောင်း ၎င်းက ပြော သည်။ဒေသခံများကို စောင့်ကြည့်ခွင့်ပေး ခြင်းသည် ကုမ္ပဏီများအတွက်လည်း ၎င်းတို့၏ စည်းကမ်း လိုက်နာမှုကို ဖော်ပြ နိုင်သည့် အခွင့်အရေးဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။စောင့်ကြည့်ရေးအဖွဲ့များကို သတ္တု တွင်းဧရိယာအတွင်း စောင့်ကြည့်နိုင်ရန် နေရာ သတ်မှတ်ခြင်းတို့ကို ကုမ္ပဏီနှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ဓာတ်ပုံ မှတ်တမ်းတင်ခွင့်ရှိသည်ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

” ဒီလိုမျိုး သတ်သတ်မှတ်မှတ်နဲ့ အားလုံး ဝိုင်းလုပ်တာကို လိုလားတယ်” ဟု သတ္တုမိုင်းရှိသည့် ကံပေါက်ဒေသခံ တစ်ဦးက ပြောသည်။
ယင်းသို့ ဒေသခံစောင့်ကြည့်ရေး အဖွဲ့နှင့် အလားသဏ္ဍာန်တူသည့် ကမ်း နီးရေလုပ်သားများပါဝင်သည့်အဖွဲ့ကို ထားဝယ်ခရိုင်အတွင်းရှိ ကမ်းရိုးတန်း တစ်လျှောက်တွင် ၂၀၁၄ ခုနှစ်က ဖွဲ့စည်း ခဲ့ဖူးကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ပါကျဉ်းကျန် ပိုက်ကွက် (ခြင် ထောင် ဇာ )ဖြင့် ငါးဖမ်းဆီးခြင်း၊ စည်း ကမ်းမဲ့ ကမ်းဝေး ဝါးလတ်၊ ဝါးတန်း လှေများမှ ကမ်းနီးလုပ်ကွက်တွင် ဖမ်းဆီးခြင်း၊ ဗုံးခွဲလှေများဖြင့် ငါးဖမ်း ဆီးခြင်း တို့ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ကမ်းနီးရေလုပ်သားများ ပါဝင်သည့် ယင်း အဖွဲ့များကို ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် စောင့်ကြည့်သည့် ကမ်း နီးရေလုပ်သားများ ပင်လယ်ပြင်တွင် ကမ်းဝေးငှားဖမ်းလှေများ၏ ခြိမ်းခြောက် အနိုင်ကျင့်မှုကိုခံရခြင်း၊ ၎င်းတို့၏ စောင့်ကြည့်ထားသည့် ရလဒ်၊ တိုင်ကြား ချက်များအပေါ် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၏ အရေးယူဆောင် ရွက်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ထိ ရောက်စွာလုပ်ဆောင်နိုင်ခြင်း မရှိခဲ့ ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။
“ရေလုပ်သားတွေ ကိုယ်တိုင်ပါဝင် မှုအားနည်းတာလည်းပါတယ်။ သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ကိုင်တွယ်တာမရှိခဲ့ လို့ စောင့်ကြည့်တဲ့ အဖွဲ့တွေလည်း နောက်ပိုင်းအလုပ်မလုပ်တော့ဘူး”ဟု ဦးကျော်သက်က ပြောသည်။
လက်ရှိတွင် ဖွဲ့စည်းမည့် သတ္တုတွင်း စောင့်ကြည့်ရေး အဖွဲ့မျာသည့် လည်း ယင်းသို့ ကမ်းနီးရေလုပ်သားများပါဝင် သည့် အဖွဲ့ကဲ့သို့မဖြစ်စေရန် လိုအပ် သည်ဟု ဦးသန့်ဇင်က ဆိုသည်။

“ဒီလိုမဖြစ်ဖို့ စိစစ်ရေးအဖွဲ့က ဘယ်လောက် တာဝန်ယူပြီးဖြေရှင်းပေး မလဲဆိုတာလည်း အရေးကြီးတယ်။ စိစစ် ရေးအဖွဲ့နဲ့ စောင့်ကြည့်ရေးအဖွဲ့ အချိတ် အဆက်မိမိလုပ်နိုင်ဖို့လိုတယ်” ဟု ဦးသန့်ဇင်က ပြောသည်။၎င်းအပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီး အချို့နှင့် ဌာနဆိုင်ရာများဖြင့်သာ ဖွဲ့ စည်းထားသည့် စိစစ်ရေးအဖွဲ့တွင် ဒေသခံစောင့်ကြည့်ရေးအဖွဲ့၏ ကိုယ် စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များပါဝင်ရန် လို အပ်သည်ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ သတ္တုတူး ဖော်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာပွန် ပီပက်ကုမ္ပဏီနှင့် အရှေ့တိုင်းကုမ္ပဏီ တို့ကို မိုးမကျမီ ဆောက်ရွက်ရမည့် ကိစ္စများကို အကြောင်းပြချက်မပေးဘဲ လုပ်ဆောင်ရန် အစိုးရက ညွှန်ကြားထားသည်။