သမိုင်းထဲက သင်ခန်းစာ

0
810

ငယ်ငယ်တုန်းက ဆယ်တန်းကျောင်း သား ဘ၀မှာပေါ့၊ အသက် ၁၆ နှစ်အရွယ် မှာ ဆရာတစ်ဦးထံ “နိုင်ငံသမိုင်းဘာသာ ရပ်ကို ဘာကြောင့်သင်ပါသလဲဆရာ” ဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ ” သမိုင်း ထဲက သင်ခန်းစာယူပြီး ကိုယ့်အလှည့်ကျ ရင် ချင့်ချိန်စဉ်းစား အလုပ်လုပ်နိုင်တာပေါ့ ကွယ်” ဆိုပြီး ဆရာက တိုတိုပဲ အဖြေပေး ခဲ့ပါတယ်။ မနေ့က သမိုင်းစာအုပ် ခဏ တဖြုတ်ဖတ်ရင်းနဲ့ ဆရာ့စကားကို ပြန် ပြောင်းသတိရမိတယ်ဆိုပါတော့။


ပုဂံခေတ်၊ တောင်ငူခေတ်၊ အင်းဝ ခေတ် မင်းအဆက်ဆက်မှာ မင်းကောင်း မင်းမြတ်လည်းရှိ၊ မင်းညံ့မင်းဆိုးလည်း ရှိ၊ အစကောင်းပေမယ့် အနှောင်းမသေချာ တဲ့ မင်းမျိုးလည်းရှိနဲ့ သမိုင်းစဉ်အဆင့် ဆင့် အုပ်ချုပ်ခဲ့တယ်ပေါ့။ သူတို့ရဲ့ လုပ် ဆောင်ချက်တွေထဲမှာ ” နန်းဆက်အတွက် လူမှန် နေရာမှန် ရွေးချယ်ခြင်း” သဘော သဘာဝတစ်ခုကိုလည်း သတိပြုမိလိုက် ပါတယ်။

lesson_from_history
ပုဂံဥသျှောင် အနော်ရထားမင်းကြီး ဟာ၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ သာသာရေးပါမကျန် အံ့မခမ်းစွမ်းဆောင် နိုင်ခဲ့တဲ့ ဘုရင်းတစ်ပါးပါ။ ဒါပေမယ့် နန်းလျာကိစ္စကိုတော့ ကြိုတင်စီစဉ်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ အပျော်အပါးကျူး တဲ့သားတော် စောလူးကို မတည့်မတ် နိုင်ခဲ့ဘူး။ မထင်မှတ်ဘဲ ကံတော်ကုန်လို့ တည့်မတ်ချိန် မရလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အမှန်ပင်ကျွဲရိုင်းခတ်၍ နတ်ရွာ စံသည်ဆိုပါလျှင် – ကျွဲရိုင်း သုတ်သင်သော အလုပ်သည် ဘုရင် ကိုယ်တိုင် လုပ်သင့်သောအလုပ် မဟုတ် ပါ။ မင်းမှူထမ်းတို့ကို စေခိုင်းနိုင်ပါ လျက် ပေါ့ပေါ့တွေး၊ ပေါ့ပေါ့ လုပ်ခဲ့မိတဲ့ အမှားတစ်ခု၏ ရလဒ်ဆိုးလို့ ဆိုချင်ပါ တယ်။ ကံကောင်းထောက်မပြီး ကျန်စစ် သားလို အရည်အချင်းရှိတဲ့ စစ်သူကြီး တစ်ယောက်ကို ပိုင်ဆိုင်ခဲ့လို့သာ ပုဂံ ရာဇဝင်တွင်ကျယ်ခဲ့တယ်လို့ ပြောရ မလားပင်။

အနော်ရထားမင်းရဲ့ မြစ်တော်ဖြစ် တဲ့ အလောင်းစည်သူမင်းကျပြန်တော့ လည်းတစ်မျိုး၊ ညီလာခံမှာ ကြုံးဝါးရင်း လက်ပျဉ်းတော်ကျတာကို မြင်ပြီး ရယ် သွမ်းသွေးမိလို့ဆိုကာ မခံချင်စိတ် မာနစိတ်တွေဝင်ပြီး၊ ဦးပေါင်းကျားနဲ့ မြင်းညိုရှင်ဇာတ် လမ်းကိုထွင်၊ စစ်သူကြီး လေးဦးကို လက်စွမ်းပြ ဓားရေးခင်းသတဲ့၊ ဘာမှ မဖြစ်လို့ တော်သေးတာပေါ့၊ မတော်တဆဖြစ်ပြီး နတ်ရွာလားခဲ့မယ် ဆိုရင် သူလည်းဘဲ မလုပ်သင့်တဲ့ အလုပ် ကို လုပ်ခဲ့တယ်လို့ သတ်မှတ်ချင်ပါတယ်။
နောက်တစ်ဦးကတော့ တပင်ရွှေထီး၊ အသက် ၁၅ နှစ်ကတည်းက ငယ်ငယ် ရွယ်ရွယ်နဲ့ သွက်လက်ထက်မြက်တဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့တယ်။ စွမ်းဆောင် ရည်တွေ အများကြီးရှိခဲ့တယ်။ အရည် အချင်းရှိတဲ့ မင်းမှုထမ်းတစ်ဦးကို အစ်မ တော်နဲ့ လက်ဆက်ပေးပြီး ဘုရင့်နောင် တော်အဖြစ် သတ်မှတ်ကာ” ဘုရင့်နောင်” အမည်တွင်စေပြီး နိုင်ငံရေးကို ဦးဆောင် စေတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကျ တော့ ပေါ်တူဂီတစ်ယောက်နဲ့ လူပေါင်း မှားပြီး အရက်သမားလုံးလုံး ဖြစ်ကာ အသက်ဆုံးရှုံးသည်အထိ ခံစားသွားခဲ့ရ တယ်။

တကယ်ဆို ဘုရင်တွေဟာ ကောင်း တာလုပ်ခဲ့တာတွေအများကြီးပါ။ စာရေး သူအနေနဲ့ အပြစ်အနာအဆာတွေကို ထုတ်နှုတ်တင်ပြရတာက (စာရေးသူ အထင်) စင်းလုံးချော ပုဂ္ဂိုလ်တစ်ယောက် အကြောင်း နှိုင်းယှဉ် ဆွေးနွေးချင်လို့ပါ။ ပုဂံရာဇဝင်မှာ ဇာတ်ပို့အဖြစ်သာ ပါဝင်ခဲ့ ပေမယ့် အကယ်ဒမီပေးသင့်တဲ့ မင်းသား တစ်ပါး ပေါက်ခဲ့ပါတယ်။ သူကတော့ ကျန်စစ်မင်းကြီးနဲ့ မထီးတူမ သဗ္ဗူလ တို့ရဲ့ သားတော်ရာကုမာရ် မင်းသား တစ်ပါးပဲ။
အဲဒီအချိန်က နန်းဆက်နန်းလျာ အတွက် ကျန်စစ်မင်းကြီး အမြော်အမြင် ကြီးစွာနဲ့ ” နန်းသွေးမပါတဲ့ သားတော် ရာဇကုမာရ်ကို ထီးနန်းအပ်မယ်ဆိုရင် နောင်တစ်ချိန်မှာ နန်းတွင်းရေး ပြဿနာ ပေါ်ပေါက်လာနိုင်တယ်” ဆိုတာပါပဲ၊ ကျန်စစ်မင်းကြီးရဲ့ သမီးတော်ရွှေအိမ် သည်နဲ့ အနော်ရထာမင်းကြီးရဲ့ မြေးတော် စောယွန်း(စောလူးမင်းရဲ့သား) တို့က မွေးလာတဲ့ အလောင်းစည်သူမင်း ကျတော့ နန်းသွေးပါတယ်လေ။ သူ့ကို နန်းဆက်အဖြစ် ရွေးချယ်လိုက်တဲ့ ကျန်စစ်မင်းရဲ့ အစီအမံက ချီးကျူးမှတ် တမ်းတင်ထိုက်လှပါတယ်။ ပြဿနာ မဖြစ်ခင် ကြိုရှင်းထားတဲ့ သဘောပေါ့။ ဒါတင်မကသေးဘူး သားတော်ကို အာရုံ ပြောင်းဖို့ စာပေနဲ့ ဘာသာရေးလိုင်းကို မသိမသာ ပြောင်းပေးလိုက်တယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်ဓာတ်ပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ဘုရင့် သားဟာ ဘုရင်ဖြစ်ရမယ်ဆိုတဲ့ လောဘ၊ မာနတွေ မတွေ့ရတော့ဘူး။

တကယ်ဆို ခမည်းတော် အိပ်ယာ ထဲလဲ နတ်ရွာစံခါနီးဆိုတော့ မင်းဖြစ် ချင်တဲ့ သားတော်တွေအတွက် အကောင်း ဆုံး အခွင့်အရေးရယူနိုင်တဲ့ အချိန် အခိုက်အတန့်ပေါ့၊ သူ (ရာဇကုမာရ်) အခွင့်အရေးတော့ ယူခဲ့ပါတယ်။ သူယူတဲ့ အခွင့်အရေးက သူ့ရဲ့ မယ်တော်ဆီမှာ ခမည်းတော် ချီးမြှင့်ထားတဲ့ လက်ဝတ် ရတနာတွေကို တောင်းယူပြီး၊ ခမည်း တော်အတွက် ရည်မှန်းကာ “ဂူပြောက် ကြီး” ဘုရားကို တည်ခဲ့တယ်။ နာမကျန်း ဖြစ်နေတဲ့ ဖခမည်းတော်ထံ အကြောင်း ကြားပြီး အမျှပေးဝေ သာဓုခေါ်စေခဲ့ပါ တယ်။ လိမ္မာလိုက်တဲ့သား တော်လိုက်တဲ့ သား ဒါတင်မကသေးဘူး၊ အများပြည်သူ သိပြီး သာဓုခေါ်နိုင်ဖို့နဲ့ သမိုင်းစဉ် အထောက် အကူပြုနိုင်ဖို့ ရည်မျှော်ပြီး ပျူ၊ မြန်မာ၊ မွန်၊ ပါဋ္ဌိလေးရပ်ဘာသာနဲ့ ကျောက်စာ ရေးထိုးပေးခဲ့ပါသေးတယ်။ သူ့ခေတ်ရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို ပြသရင်ထူးခြား စေခဲ့ပြန်တယ်ပေါ့။

မိဘစကား၊ မိဘအစီအမံကို နာခံ ပြီး၊ မိဘကျေးဇူးသိတတ်ရုံမက၊ အံဝင် ခွင်ကျ ကျေးဇူးဆပ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်၊ လူအများစိတ်ဝင်တစား တမ်းတမက်မော တဲ့ ” ဘုရင်” နဲ့ “နန်းစည်းစိမ်” ကိုရလိုမှု လုံးဝမပြဘဲ အေးဆေးတည်ငြိမ်တဲ့ ပုဂ္ဂိုလ်၊ ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်ထားနဲ့ လောကအလှကို ဖော်ဆောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် လေးနက်စွာဂုဏ်ပြုမိပါ တယ်။လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး စီမံခန့်ခွဲအုပ်ချုပ်မှုကောင်းခဲ့သော ဘုရင်၊ လိမ္မာရေးခြား နာခံတတ်သောသား၊ အတုယူစရာပါလား။ သက္ကရာဇ် ၁၁၁၂ ခုနစ်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဒီဇာတ် လမ်းဟာ၊ အခုဆို နှစ်ပေါင်း ၉၀၀ ကျော် ခဲပါပြီ။ ပဒေသရာဇ်ခေတ်မှသည် ဒီမိုက ရေစီခေတ်သို့ ရောက်နေပါပြီ။

ရာဇကုမာရ်မင်းသားလို သစ္စာရော မေတ္တာပါ မပျက်မယွင်းထားနိုင်သော၊ လိမ္မာယဉ်ကျေးသိမ်မွေ့သော၊ လောဘ ဒေါသနည်းပါးသော ပုဂ္ဂိုလ်မျိုးတွေ မြောက်မြားစွာ ပေါ်ထွန်းဖို့ လိုအပ် နေပါပြီ၊ ခေတ်သစ် စနစ်သစ်နှင့် နိုင်ငံ ထူထောင်နေချိန်တွင် အာဏာ၊ နေရာ၊ စည်းစိမ်ဟူသော စကားရပ်များကို မေ့ပျောက်ထားဖို့ လိုအပ်နေပါပြီ။ ကျရာကဏ္ဍမှာ “နှလုံးလှ” လူသား များအဖြစ် တာဝန်ကျေပွန်ကြဖို့ စိုင်း ပြင်းသင့်နေပါပြီ။ တစ်နည်းအားဖြင့် တိုက်တွန်းချင်တာက ရှာဖွေတွေ့ရှိထား တဲ့ အတိတ်သမိုင်းစဉ်ရဲ့ အလှတရားတစ် ခုကို ပစ္စုပ္ပန်အထိ ဆောင်ယူလာနိုင်မယ် ဆိုရင် ကောင်းလေစွ… ကောင်းလေစွ ဟူ၍သာ။