နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ထားဝယ်ခရိုင် တ.က.သ အသိအမှတ်မပြု

0
498

မေလ ၂၅ ရက်က ဖွဲ့စည်းခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ထားဝယ် ခရိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ.က.သ)မှ အသိမှတ်မပြုဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများ အားလုံးပါဝင်သော ညီလာခံတစ်ရပ် ခေါ်ယူကျင်းပနိုင်ပြီးမှ နိုင်ငံအဆင့် ကျောင်းသားသမဂ္ဂကို ဖွဲစည်းရန်လိုလားသောကြောင့် လက်ရှိ ဖွဲ့စည်းထားသည့် အဖွဲ့ချုပ်ကို အသိမှတ် မပြုကြောင်း ထားဝယ် ခရိုင် တ.က.သ က မေလ ၂၈ ရက်တွင်သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

” အခုက အားလုံးရဲ့ဆုံးဖြတ်ချက် မဟုတ်တဲ့အတွက် အသိအမှတ်မပြုဘူး” ဟု ထားဝယ်ခရိုင် တကသ အဖွဲ့ဝင် ကိုစည်သူနိုင်က ပြောသည်။
ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် ကိုယ့်ပိုင် မူဝါဒဖြင့်သာ ရပ်တည်သွားမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် တ.က.သ အဖွဲ့ဝင် ကိုဇင်မောင်ဖြိုးက ဆိုသည်။ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို တကသ (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ) နှင့် ဗကသ(မြေလတ်) တို့စုပေါင်း၍ ရန်ကုန်၊ မကွေး၊ ပြည်၊ ရေနံချောင်း၊ ပခုက္ကူ၊ နေပြည်တော်၊ချောက်၊ မော်လမြိုင်၊ မုံရွာ၊သန်လျင်၊ မြစ်ကြီးနား မြို့နယ်များရှိ တက္ကသိုလ်ကျောင်းသားများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။