ကံပေါက်စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ နေရာပြောင်း

0
477

တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ် ဆေးနေသည့် ကံပေါက်ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှု ရှိနေသည်ကို မတွေ့ရဟုဆိုသော်လည်း နေရာပြောင်း ချထားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးက ပြောဆိုလိုက်သည်။

ကံပေါက်ရဲစခန်းမှ စခန်းမှူး အပါ အဝင် ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး ကိစ္စနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ဆိုကာ တိုင်းဒေသကြီးအစိုးရဖွဲ့ထံ တိုင် လာသည့်အတွက် ပြီးခဲ့သည့် မေလ ၂၆ ရက်က တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးပြီးနောက် တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။” ပါဝင်ပတ်သက်တယ် ဆိုတာက တော့ ထင်ကြေးနဲ့တိုင်တာတွေရှိတယ်၊ တကယ်တမ်း စစ်တဲ့အခါမှာတော့ မပေါ် ပေါက်ဘူး” ဟု ရဲမှူးကြီးနေမျိုးက ပြော သည်။

သို့ရာတွင် ယင်းတပ်ဖွဲ့ဝင်များအား အခြားနေရာသို့ ပြောင်းရွှေ့ခန့်ထားသွား မည်ဖြစ်ပြီး လစ်လပ်သွားသည့် ကံပေါက် ရဲစခန်းတွင် တာဝန်ထမ်းဆောင်ရန် အ တွက် အခြားရဲတပ်ဖွဲ့ဝင်များကို နေရာ ချထားတာဝန်ပေး သွားမည်ဟု ၎င်းက ဆိုသည်။
စစ်ဆေးခံရသည့် ကံပေါက်နယ်မြေ ရဲစခန်းမှ စခန်းမှူးမှာ ယစ်မျိုးလိုင်စင် ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်အပါ အဝင် တိုင်းဒေသကြီးအစိုးရထံ တိုင် ကြားခံထားရသူဖြစ်ပြီး ယခင်က တိုင်း ရဲတပ်ဖွဲ့မှူး၏ ခေါ်ယူသတိပေးခြင်း ခံထားရသူဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူး သည်။