ကျွန်းပေါ် ဟိုတယ်များအရေး အလွယ်မတွေးစေချင်ပါ

0
584

တနင်္သာရီတိုင်းဒေသကြီးသည် မြန် မာနိုင်ငံတွင် အရှည်ဆုံးကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပြီး မြိတ်ကျွန်းစုဒေသမှ ကျွန်းပေါင်း ၈၀၀ကျော်ဖြင့် တည်ဆောက် ထားသည်။ မျက်စိလည်လမ်းမှား လောက်အောင် ဝင်္ကပါထဲဝင်သလို ကျွန်း ကြီးကျွန်းငယ်များနှင့် အထပ်ထပ် တည်ဆောက်ထားကာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော သယံဇာတအဖြစ် ဂုဏ်ယူစရာ ဇီဝမျိုးစုံမျိုးကွဲ များစုံလင် သော ကျွန်းစုဒေသကြီး ဖြစ်သည်။

ထို့ကြောင့်ပင် သဘာဝခရီးသွား လုပ်ငန်း ဆောင်ရွက်ရန် ပြည်တွင်း၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ စိတ်ဝင်စားမှု များပြားလာသည်။ ကျွန်းများ၊ သန္တာ ကျောက်တန်းများ၊ ဒီရေတောများ၊ ကမ်း ခြေသဲသောင်များနှင့် ကြည်လင်သန့်ရှင်း ပြီး စိမ်းပြာရောင် တောက်ပနေသော ပင်လယ်ရေပြင်တို့မှာ သဘာဝ အတိုင်း တည်ရှိနေသဖြင့် သဘာဝခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် မျက်စိကျစရာဖြစ်လာပြီး စီးပွားရေးဖွံ့ဖြိုးမှု အခွင့်အလမ်းများ နှင့်အပြိုင် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေါ် လာသည်။

ကျွန်းပေါ် ဟိုတယ် အရေအတွက်

တိုင်းအတွင်း ကမ်းရိုးတမ်းတစ် လျှောက် ကျွန်းများပေါ်တွင် ဟိုတယ်တည် ဆောက်ရန် အဆိုပြုထားသော ကုမ္ပဏီ ၂၄ခုရှိပြီး ကျွန်းစုမြို့နယ်တွင်ကျွန်းပေါင်း ၇ ကျွန်းနှင့် ကော့သောင်းမြို့နယ်တွင် ၁၈ ကျွန်းတို့တွင် တည်ဆောက်ရန် ရွေး ချယ်ထားကြောင်း သိရှိရပါသည်။
ယင်းပမာဏသည် အလွန်များပြား နေသည်ဟု သုံးသပ်မိသည်။ ဧည့်သည် ဝင်ရောက်မှုအပေါ် မူတည်ပြီး ကျွန်း များပေါ်တွင် ဟိုတယ်တည် ဆောက်ခွင့်ကို ၃ ခု၊ ၄ ခု ခန့်သာ ခွင့်ပြုသင့်ပေသည်။
hotel_from_island
ခွင့်ပြုမည့် မြေဧကနှင့် စဉ်းစားစရာများ

မြေယာ လျှောက်ထားမှုသည်လည်း စဉ်းစားစရာ ဖြစ်သည်။
ကျွန်းများပေါ်တွင် ဟိုတယ်တည် ဆောက်ရန် ကုမ္ပဏီတစ်ခု၏ မြေနေရာ လျှောက်ထားမှုမှာ အနည်းဆုံး ၁၇ ဧက မှ အများဆုံး ၆၇၃၄ ဧကအထိ ရပြီး စုစုပေါင်း ၂၁၄၆၆.၆၃ ဧကရှိကြောင်း သိရသည်။အချို့ကုမ္ပဏီများမှာ ကျွန်းကြီး တစ်ခုလုံးနည်းပါး အပိုင်ရယူရန် လျှောက် ထားလာပါက နောင်တစ်ချိန်တွင် ဖိလစ်ပိုင် နိုင်ငံကဲ့သို့ ကျွန်းပိုင်သူဋ္ဌေးများ ဖြစ်လာနိုင်ပါသည်။ ဟိုတယ်တစ်လုံး တည်ဆောက်ရန် မြေဧကထောင်ချီပြီး လျှောက်ထားမှုကို လိုအပ်မှု ရှိ^မရှိ စဉ်းစားစရာ ဖြစ်သည်။သန္တာကျောက်တန်းနှင့် ပင်လယ် မြက်များ ထိခိုက်ပျက်စီးမည် အရေး ကိုလည်း ထည့်စဉ်းစားရမည် ဖြစ်သည်။ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်ရန် မဟုတ်ဘဲ လက်လွှဲရောင်းချမည့်သူများ၊ အမည်ခံ မြေနေရာများ ရယူမည့်သူများကို ခွင့်မပြုမိရန် လိုပေသည်။

လုပ်ပိုင်ခွင့် လျှောက်ထားမှုတွင် အားနည်းချက် များစွာတွေ့နေရသည်။ ကျွန်းနှင့် ဆက်စပ်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ကိုလည်း စဉ်းစား သင့်သည်။ ဇီဝမျိုးစုံမျိုးကွဲများ (အပင် များ၊ သစ်ခွများ၊ ငှက်မျိုးစိတ်များ၊ တွားသွားသတ္တဝါများ၊ လိပ်ပြာ၊ မျောက် စသည့်)တို့ ထိခိုက်နိုင်သည်။
ကုန်းမြေပေါ်တွင် ဟိုတယ်တည် ဆောက်ပါက သဘာပတ်ဝန်းကျင် ထိ ခိုက်မှု မရှိသော်လည်း ပင်လယ်ကျွန်းများ ပေါ်တွင် ဟိုတယ်တည်ဆောက်ပါက ကျွန်းများနှင့် ဆက်စပ်တည်ရှိနေသော သန္တာကျောက်တန်းများ၊ ပင်လယ် မြက်များ အရင်ဆုံး ဖျက်ဆီးခံရမည် ဖြစ် သည်။ရှားပါး ရေနေသတ္တဝါများ (ပင် လယ်လိပ်၊ ငါးမန်း၊ ရေဝက်၊လင်း ပိုင်စသည့်) နေထိုင် ကျက်စားသည့် အဓိကကျသော ဂေဟစနစ်တစ်ခု ပါဝင် နေသဖြင့် အလျင်စလို ဟိုတယ်များ ကို တည်ဆောက်ခွင့်ပြုပါက ဆုံးရှုံးသွား သော ရေသယံဇာတများအား ပြန်လည် ကုစားရန် မရနိုင်ပေ။တိုင်းဒေသကြီးအစိုးရတို့မှ ကျွန်း များပေါ်တွင် ဟိုတယ်တည်ဆောက် ခြင်း၊ ခရီးသွားလာခြင်း လုပ်ငန်းခွင့် ပြု မည်ဆိုပါက မူဝါဒများစနစ်တကျ ချ မှတ်ဆောင်ရွက်ပြီးမှသာ လုပ်ကိုင်ခွင့် ပြုသင့်ပါသည်။ နိုင်ငံတကာတွင်လည်း ကျွန်းများအပေါ်တွင် ဟိုတယ်များ တည် ဆောက်ပါက မူဝါဒများချမှတ်ပြီးမှ ခွင့်ပြုလေ့ရှိသည်။

မူဝါဒ ခိုင်ခိုင်မာမာမရှိဘဲ ခွင့်ပြု ပါက ယခင်ဆီအုန်း၊ ရော်ဘာစီမံကိန်း များလို သစ်အပြောင်ခုတ် သစ်ထုတ် လုပ်ကြ၊ လမ်းဘေး ဝဲယာတွင် ဟန်ပြ စိုက်ပျိုးကြ၊ မြေနေရာလက်ဦးမှုရယူ ထားကြသည်မျိုး ဖြစ်လာမည်။ယခုပင် မြိတ်ကျွန်းစုဒေသတွင် ကုမ္ပဏီဆိုင်ဘုတ်များ တပ်ထားသည့်ကို ကျွန်း အတော်တော်များများတွင် တွေ့ နေရပြီး အချို့ကျွန်းများသို့ ဒေသခံများ သွားလာခွင့်မရပေ။

ကျွန်းပေါ်ဟိုတယ်နှင့် သဘာဝဝန်းကျင်

လျှောက်ထားမှု အဆင့်ဆင့်တိုင်း တွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန သဘော ထား ထောက်ခံချက်တောင်းခံခြင်း တစ် ခုတည်းမဟုတ်ဘဲ အကောင်းဆုံးနည်းမှာ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Iနန) ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု နည်းနိုင်သမျှနည်း အောင် လျော့ချနိုင်မည် ဖြစ်ပါသည်။

ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)ပြုလုပ်ရန် ပတ်ဝန်းကျင်ထိမ်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ အမိန်ကြော်ငြာစာအမှတ်၊ (၆၁၆/၂၀၁၅) အရထုတ်ပြန်ခဲ့သော ပတ်ဝန်းကျင်ထိ ခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွင် ကနဦးပတ်ဝန်း ကျင်ဆန်း စစ်ခြင်း(IEE) သို့မဟုတ် ပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်း (နှုဗ) ဆောင်ရွက် ရန်လိုသည့် စီမံကိန်းအမျိုးအစားများနှင့် အရွယ်အစား သတ်မှတ်ချက်များတွင် အမှတ်စဉ် ၁၂၁ အရ ဟိုတယ်နှင့် ခရီး သွားလာလုပ်ငန်းအတွက် ကနဦးပတ်ဝန်း ကျင် ဆန်းစစ်ခြင်းပြုလုပ်ရန်လိုအပ် သောအရွယ်အစား တွင် ဟိုတယ်အခန်း ၈၀ နှင့်အထက် အခန်း ၂၀၀အောက် နှင့် အသုံးပြု စတုရန်းမီတာ ၄၀၀၀ နှင့် အထက် ၁၀၀၀၀အောက် သို့မဟုတ် အသုံးပြုစတုရန်းမီတာ ၂၀၀၀၀၀နှင့် အထက် အသုံးပြု စတုရန်းမီတာ ၅၀၀၀၀၀ အောက်ဟု ဆိုထားပါသည်။

မြိတ်ကျွန်းစုဒေသ တည်ဆောက် မည့်ဟိုတယ်များမှာ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE)ပြုလုပ်ရန် မလို သော ဟိုတယ်ငယ်များသာ တည်ဆောက် လာပါက ပတ်ဝန်းကျင် ထိခိုက်မှု ဆန်း စစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE)ပြုလုပ်ရန် ဥပဒေအရ ကင်းလွတ် ခွင့်ရသွားမည် ဖြစ်ပါသည်။ ပြည်ထောင် စုအဆင့်တွင် ဟိုတယ်များအတွက် မူဝါဒ ရှိချင်ရှိမည်။ သို့သော် ကုန်းမြေတွင် တည်ဆောက်သောဟိုတယ်များထက် ကျွန်များပေါ်တွင် တည်ဆောက်သော ဟိုတယ်များက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပိုများနိုင်ပါသည်။တိုင်းဒေသကြီးအစိုးရက ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်သော ကျွန်းစု ဒေသများ ခရီးသွားလာရေးလုပ်ငန်း ဖြစ်ပေါ်လာရေးအတွက် မူဝါဒ (သို့မ ဟုတ်) လမ်းညွန်ချက်များ ရေးဆွဲပြီး ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ ကို ထိန်းချုပ်ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ကျွန်းများပေါ် တွင် ဟိုတယ် တည်ဆောက်ရေးလုပ်ငန်း အား ဟိုတယ်နှင့် ခရီးဌာန တစ်ခုတည်း မစိစစ်နိုင်၊ ဆက်စပ်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေဦးဌာန၊ သစ် တောရေးရာဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိမ်းသိမ်း ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့ စသည့်တို့ ပါဝင် သောအဖွဲ့ဖြင့် စိစစ်ကြပ်မတ်သင့် ပါသည်။

ခွင့်ပြုချက်ပေးခြင်းနှင့် လူထုပါဝင်မှု

ကျွန်းများတွင် ဟိုတည်များ တည် ဆောက်မှုနှင့်ပက်သက်၍ ဘုတ်ပြင်းမြို့ နယ် ဒေသခံကျေးရွာများမှ တိုင်ကြားမှု များ ရှိနေသဖြင့် ဌာနဆိုင်ရာများမှ သ ဘောထား ထောက်ခံချက်ပေးရာတွင် ဒေသခံများ၏ သဘောထားရယူရန်လို အပ်လာသည်။ အချို့ကိစ္စ ရပ်များမှာ တတ်သိပညာရှင်များနှင့် သိပ္ပံနည်းကျ လေ့လာပြီးမှ ဆုံးဖြတ်ရသဖြင့် ဌာနဆိုင် ရာများ အခက်အခဲတွေ့ နိုင်သည်။
ကုမ္ပဏီများမှ ပွင့်လင်းမြင်သာသော သမာသမတ်ကျသော အဖွဲ့အစည်းများ ဖြင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း( Iနန ) ပြုလုပ်ဆောင်ရွက်ပြီး မှသာ ရရှိလာသော အစီရင်ခံစာများအပေါ် သက်ဆိုင်ရာဌာနများမှ လေ့လာသုံးသပ် ပြီးမှသာ သဘောထား ထောက်ခံချက် ပေးသင့်ပါ သည်။ မြိတ်ကျွန်းစုဒေသတွင် ဟိုတယ်များ တည်ဆောက်ရန် ရွေးချယ် ထားမှုမှာ ပထမအများဆုံး ကော့သောင်း မြို့နယ်၊ ဒုတိယမှာ ကျွန်းစု မြို့နယ်နှင့် အနည်းဆုံးမှာ ဘုတ်ပြင်းမြို့နယ် ဖြစ်ပါ သည်။

ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ် ရှိ ကျွန်းများတွင် တည်ဆောက်သော ဟိုတယ်များမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်နေသော ထိုင်းနိုင်ငံမှ ကော့သောင်း နယ်စပ်မှတဆင့် သင်္ဘောများဖြင့် လာ ရောက်မည့်ဧည့်သည်များအတွက် အဓိက ရွေးချယ်ထားနိုင်သည်။
ကော့သောင်းနယ်စပ် ရေလမ်း ကြောင်းမှ နိုင်ငံခြားခရီးသွားများ ဝင် ထွက်သွားလာရာတွင် ရေလမ်းကြောင်း ဝင်ရေလမ်းကြောင်းမှ ပြန်ထွက်လေ့ ရှိသဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြိတ် နှင့် ကော့သောင်း မြို့ပေါ်သို့ လာရောက် လည်ပတ်မှု အနည်းကျဉ်းသာ လာရောက် နိုင်ပါသည်။
လက်ရှိကျွန်းများပေါ်တွင် ဖွင့်လှစ် ထားသော ဟိုတယ်များမှာ ကော့သောင်း မြို့နယ် သူဋ္ဌေးကျွန်းရှိ Gမညေိ ဗိamညေ ဃူကဘ၊ ခရင်းခွ ကျွန်းရှိ ဗိamညေ Rနျသမအ ၊ ရတနာကျွန်းရှိ ဠငခအသမငa Rနျသမအ တို့တွင် ဧည့်သည်ဝင်ထွက်မှုကို ကြည့်လျှင် ဒေသအတွက် နိုင်ငံခြား ခရီးသွာများမှ ရရှိနိုင်သော အခွင့်အလမ်း များကို ခန့်မှန်းနိုင်ပါသည်။

မြိတ်ကျွန်းစုဒေသ ဟိုတယ် တည်ဆောက်မှုမှာ နိုင်ငံခြားကုမ္ပဏီ အများစုဖြစ်ပြီး ပြည်တွင်းကုမ္ပဏီအချို့ ပါဝင်သည်။ ငွေကြေး ကြွယ်ဝ ချမ်းသာ သူများက စီးပွားရေးအရ အကျိုးအမြတ် ရရှိနိုင်သောနေရာတွင် ရင်းနှီးမြှုပ်နှံကာ ဟိုတယ်များတည်ဆောက်ပြီး လုပ်ငန်း လုပ်ကိုင်လာပါက နိုင်ငံတော်အတွက် အခွန်အခများ ရရှိလာမည်မှာ အမှန် ပင်ဖြစ်သည်။ သို့သော် မြိတ်ကျွန်းစု ဒေသရှိ သဘာဝအခြေအနေကောင်း များတည်ရှိနေသော လှပသောကျွန်းများ၊ ကမ်းခြေများ၊ သဲသောင်များ၊ သစ်တော များ၊ ငါးပုစွန်များ နေထိုင်ကျက်စားရာ နေရာများမှာ ဟိုတယ်များ တည်ဆောက် လာပါက ပျက်စီးသွားနိုင်သည်။ အဆိုးဆုံးမှာ ငါးပုစွန်များ ရှင်သန်ပေါက်ဖွားရာနေရာ၊ ရှားပါ ရေနေသတ္တဝါများ (ပင်လယ်လိပ်၊ လင်းပိုင်၊ ဝေလငါး၊ ငါးမန်း၊ ရေနဂါး သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များစသည့်)နှင့် ဒီရေတောများ ထိခိုက်ပျက်စီးနိုင်ပါသည်။

ထို့အပြင် ဒေသခံကမ်းနီးကမ်းဝေး ရေလုပ်သားများ မိုးရာသီ မုန်တိုင်း၊ လှိုင်းခိုအောင်းရန် နေရာအခက်အခဲ၊ ရွှေ့ပြောင်း ငါးဖမ်း စခန်းများ၊ ပင်လယ် ကျွန်းများတွင် ရေချိုရယူနေရာ အခက် အခဲများ၊ ဒေသခံများ ငါးဖမ်းဆီးရှာဖွေရန် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ လာနိုင်ပါသည်။ ထိုသို့ဖြစ်လာပါက ပြည်တွင်း စားသုံးမှုနှင့် ပြည်ပ တင်ပို့မှုပါ ထိခိုက်လာနိုင်သည်။

ရေငန်ငါးထုတ်လုပ်မှုမှ နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁၄၀ သန်း ရှာဖွေပေးလျက်ရှိသည်။မြိတ်ကျွန်းစုဒေသည် အနှစ် ၂၀ နှစ်ရှည် စီမံကိန်းအနေဖြင့် အကောင် အထည်ဖော်ဆောင် ရွက်နေသော The Bay of Bengal Large Marine Ecosystem Project ဧရိယာတွင် အရေးပါသော ဒေသဖြစ်ပြီး အဆိုပါစီမံကိန်းဧရိယာတွင် ဘင်္ဂလားပင်လယ် ကမ်းရိုး တမ်းတစ်လျှောက်ရှိ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်နိုင်ငံ၊မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရီလင်္ကာ၊ မော်လ်ဒိုက်နိုင်ငံ စုစုပေါင်း ၈ နိုင်ငံ ပါဝင်ပါသည်။ဘင်္ဂလား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ရှိ နေထိုင်ကျက်စား နေသော ငါးသယံဇာတများ ရေရှည်တည်တပ်ရန်၊ နိုင်ငံတစ်ခုချင်း ထိန်းသိမ်းစောင့်ရှောက်ရန် လုံလောက်မှုမရှိသဖြင့် ဆက်စပ်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်ငါးများ နေ ထိုင်ကျက်စားမှုကိုပူးပေါင်း ကာကွယ်ရန်၊ စီမံကိန်းဧရီယာအတွင်း နှစ်စဉ်တိုးတက်နေသော လူဦးရေအတွက် ငါးရိက္ခာဖူလုံရန်နှင့် ရရှိ လာသော သုတေသနရလဒ်များအား မျှဝေရန်တို့ကို ပူးပေါင်းဆောင် ရွက်လျှက်ရှိပါသည်။

ခရီးသွားလုပ်ငန်း ပညာရှင်တစ်ဦး ထောက်ပြအကြံပြုချက်များ မှာလည်း အတော်တန်ဖိုးရှိသည်။မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေအရ တနင်္သာရီကမ်းရိုး တန်းသည် ပင်လယ်ဒီရေအမြင့်ဆုံးနှင့် အနိမ့်ဆုံးကွာခြားချက်မှာ ၃.၅ မီတာသာရှိပြီး တစ်နှစ်ပတ်လုံး ပင်လယ်ရေကြောင်းဖြင့် ဧည့်သည်များ ခရီးသွာလာနိုင်မှုမှာ ၆ လ ခန့်သာရှိသည်။ခရီးသွားလာရန် လုံလောက်သော အဆောက်အအုံ၊ လေယာဉ် ခရီးစဉ် နည်းပါးသည်။ခရီးသွားလာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ယာဉ်၊ အခြား လိုအပ် ချက်များအပြင် အခွန်ကင်း လွတ်ခွင့်ပြုရန်လည်း လိုအပ်သည်။ကျွန်းပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန် သစ်ခုတ်ခြင်း မပြုရန်၊ သတ္တဝါများအတွက် ဆူညံသံများ မဖြစ်ပေါ်ရန်အတွက် အသင့်ဆောက်လုပ်ထားသော အဆောက်အအုံများကို အသုံးပြုသင့် သည်ဟု ဆိုသည်။သို့မှာသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်ဆုံးဖြစ်နိုင် ကြောင်း လည်း ထောက်ပြသည်။လိုအပ်၍ မြေညှိရန် သစ်ပင်များ ခုတ်ရှင်းလင်းလျှင် သစ်ပင် အရေအတွက် အတိုင်းသစ်ပင်များ ပြန်စိုက်စေပြီး ဟိုတယ် အဆောက် အအုံများ ဆောက်လုပ်ရန်လိုအပ်သော ပမာဏမျှသာ မြေညှိစေသင့် သည်။

ဌာနဆိုင်ရာများမှ ကွင်းဆင်း စစ်ဆေးရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ကုမ္ပဏီမှ ကုန်ကျစရိတ်များ ကျခံသုံးစွဲ သင့်ကြောင်းနှင့် မြေငှားရမ်ခ၊ BOT စနစ်နှင့် အခွန်ကောက်ခံမှုနှင့် ရရှိလာသော အခွန်ငွေများအား ဒေသခံများ လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုရန် လိုအပ်ပါကြောင်း အကြံပြုသည်။
မြိတ်ကျွန်းစုဒေသကြီးသည် သဘာဝခရီးသွားလုပ်ငန်းသာမက မြန်မာနိုင်ငံရဲ့ ငါးပုစွန်များ အဓိက ပေါက်ဖွား ရှင်သန်ကြီးထွားရာ နေရာဒေသ ဖြစ်သည့်အတွက် ငါးပုစွန်များ ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန် အရေးကြီးသော နေရာဒေသကြီး ဖြစ်သည်။နိုင်ငံတကာမှ စိတ်ဝင်စားနေသော သဘာဝခရီးသွားလုပ်ငန်း ရေရှည်ဖွံဖြိုး လာစေရေးအတွက် သဘာဝ အရင်းအမြစ်များ မထိခိုက်အောင်၊ ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နိုင်ရေး အတွက် မြိတ်ကျွန်းစုဒေသရေရှည် တည်တံ့သော သဘာဝခရီး သွားလုပ်ငန်းကို ဖော်ဆောင်ပါက ဒေသအတွက် အကျိုးရှိ မည်ဖြစ်ပါ သည်။

တိုင်းဒေသကြီးအစိုးရမှ ကမကထပြုပြီး တိုင်းဒေသကြီးအတွင်း လုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ထားဝယ် အများပိုင်၊ မြိတ်အများပိုင်၊ ကော့သောင်းအများပိုင် ကုမ္ပဏီများနှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြိတ်အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်း ရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဒေသအကျိုးရှေ့ရှုပြီး တတ်သိပညာရှင်များ ဖိတ်ခေါ်ကာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက် သော ကျွန်းစုဒေသများ သဘာဝခရီးသွားလုပ်ငန်းမူဝါဒ သို့မဟုတ် လမ်းညွန်ချက်များ ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။