သီချင်းခွေစီစဉ်နေတဲ့ ကော့သောင်းသား ရာမ

0
938

နာမည်အရင်း ” စည်သူမြင့်” အဆိုတော် နာမည်ကို ” ရာမ” လို့ပေးထားတဲ့ ကော့သောင်းသား ဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ ” ရာမ” က သီချင်းခွေထွက် ဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။

kt_yama
” သီချင်းခွေတစ်ခွေထုတ်ဖို့ ကြိုးစားနေပါတယ်။ အသံသွင်းတာတွေ လုပ်နေတယ်။ လက်ရှိမှာတော့ show ပွဲတွေဖိတ်လို့ လိုက်ဆိုနေပါတယ်”
လက်ရှိအနုပညာအလုပ်ကို မိသားစုအသိုင်း အဝိုင်းက လက်မခံလည်း ပရိသတ်အားပေးလက်ခံတဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားနေ တယ်လို့ဆိုပါတယ်။

” ဖေဖေမေမေ ဦးဦးတို့က စီးပွားရေးသမား တွေ။ အနုပညာကိုအားမပေးချင်ဘူး။ စီးပွားရေး ပဲတစိုက်မတ်မတ်လုပ်စေချင်တယ်။ ကျွန်တော်က ဂီတနဲ့သံစဉ်တွေ ကြား နေရတာပျော်တယ်”

ရာမဟာ ပေါ့သီချင်းအမျိုးအစားတွေဆိုရတာ ကိုကြိုက်တယ်လို့ ပြောပါတယ်။အနုပညာနဲ့ပတ်သက်တဲ့ အနာဂါတ်ရည်မှန်း ချက်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ
” အောင်မြင်မှုဟာ တစ်နေ့နေ့ဖြစ်ကိုဖြစ်စေရမယ်ဆိုတဲ့စိတ်ရယ် ၊ ကိုယ့်ကိုကိုယ် ယုံကြည်မူရယ် ပေါင်းပြီး ကြိုးစားနေပါတယ် ။ ကော့သောင်းမြို့ရဲ့ ဂုဏ်ဆောင်တစ်ယောက်ဖြစ်အောင် ကျွန်တော် အခက်အခဲတွေကြားက ကြိုးစားမယ်” လို့ပြော သွားပါတယ်။