အခမဲ့ ပညာရေးဟု ဆိုငြားသော်လည်း

0
440

မေလရဲ့ နောက်ဆုံးအပတ်ကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ် ထားပါတယ်။ အရင်တုန်းက ဆိုရင်တော့ ကျောင်းအပ်နှံရေး ရက်သတ္တ ပတ်ဟာ မိဘတွေအတွက် နှလုံးရောဂါထတဲ့ ရက်သတ္တပတ်ပါပဲ။ အားလုံး သိကြတဲ့ အတိုင်းပဲ ကျောင်းအပ်ရာသီဆို မိဘတွေမှာ ငွေကုန်ကြေးကျ အင်မတန်များတယ် မဟုတ်ပါလား။

ဟိုကြေးဒီကြေးတွေ ပေးသွင်းရတဲ့အပြင် အလှူငွေတွေ လည်း ထည့်ရ၊ ဆရာဆရာမတွေအတွက် ရန်ပုံ ငွေရဖို့ အမြတ်တင်ရောင်းတဲ့ ဗလာ စာအုပ်တွေ၊ ခဲတံတွေပါ ဝယ်ကြရပါတယ်။ တချို့ကျောင်းသား မိဘတွေဟာ လက် လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ဘ၀၊ တစ်နေ့လုပ်မှ တစ်နပ်လောက် ၀၀လင်လင် စားနိုင်ကြတဲ့ သာမန် လက်လုပ်လက်စားတွေဆိုတော့ သားသမီးတွေရဲ့ ကျောင်းစရိတ်ဆိုတာ သူတို့အတွက်ကတော့ မဟာ အခက်အခဲ တစ်ရပ်ပါ။ ကျောင်းဖွင့်တော့မယ်ဆိုရင် သားသမီးတွေအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ထီး၊ ဖိနပ်၊ ထမင်းချိုင့်နဲ့ ရေဗူးကအစ အစုံအလင် ဝယ်ပေးကြရ မယ်ဆိုရင် ကုန်ကျစရိတ်က သိန်းချီ ရှိမှာပါ။ မိဘတိုင်းဟာ သားသမီးတွေကို မျက်နှာ မငယ်စေချင်ကြပါဘူး။ ဒါကြောင့် မို့ ကိုယ့်မှာ မရှိရင်တောင် ချေးငှားပြီးတော့ အဆင်ပြေအောင် ဖန်တီးပေးကြရတယ် မဟုတ်လား။ ဒါကြောင့် ဒီရက်သတ္တပတ် ဟာ နှလုံးရောဂါထတဲ့ ရက်သတ္တပတ်ဆို လည်း မမှားပါဘူး။
although_free_edu
&  
အခုပြည်သူတွေက ရွေးကောက် တင် မြှောက်ထားတဲ့ အရပ်သားအစိုးရ တက် လာချိန်မှာတော့ အခမဲ့ပညာရေး စနစ်ကို ပိုမိုကောင်းမွန်ပီပြင်အောင် ကြိုးစား ဆောင်ရွက်နေတာ တွေ့နေရပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်လို့ပဲ ပြောရမယ် ထင်ပါတယ်။ ” အခြေခံပညာကျောင်းများ ကျောင်း အပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန် အချက်များ” ဆိုပြီးတော့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အခြေခံပညာကျောင်း တွေမှာ ကျောင်းအပ်နှံရေး အစီအစဉ်အတွက် အခမဲ့ ထောက်ပံ့ပေးတာတွေ ရှိပါတယ်။ သူငယ်တန်း(KG) အတွက် ကျောင်းဝတ် စုံတစ်စုံ အခမဲ့ပေးပါတယ်။ မူလတန်း အဆင့်အတွက် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာ စာအုပ်ခြောက်အုပ်နဲ့ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစ်စုံတို့ကို အခမဲ့ပေးပါတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်အတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တစ်စုံစီအပြင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေးတွေ ကင်းလွတ်ခွင့် ရကြပါတယ်။

 
ပညာရေး ဝန်ထမ်းတွေကိုလည်း ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများ အားလုံးကို မည်သည့် အခကြေးငွေမျှ မကောက်ခံဖို့၊ ငွေကြေး၊ လက်ဆောင်၊ ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်း မပြုဖို့၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်တွေကို ရောင်းချခြင်း မပြုဖို့၊ အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုဖို့ ညွှန် ကြားထားတာကို တွေ့ရပါတယ်။ ကျောင်း သားမိဘတွေအတွက် ကျောင်းအပ်နှံရေးနဲ့ ပတ်သက်ပြီးတော့ အတော်လေးငွေကုန် ကြေးကျ သက်သာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြား တစ်ဖက်မှာတော့ တချို့တချို့သော ကျောင်းတွေမှာ အတန်းပိုင် ဆရာမရောင်း တဲ့ မုန့်တွေဝယ်ဖို့၊ အတန်းပိုင်ဆရာမတွေ၊ သက်ဆိုင်ရာ ဘာသာရပ်သင် ဆရာတွေ ဆရာမတွေ သင်တဲ့ကျူရှင်တွေ ဝိုင်းတွေမှာ မိမိတို့ရဲ့ သားသမီးတွေကို မဖြစ်မနေ ထားနိုင်ဖို့အတွက်တော့ မျက်ခုံး လှုပ်နေရ ဦးမှာပါ။ မိမိတို့ရဲ့ သားသမီးတွေ အတန်း ထဲမှာ ကျောင်းမှာ မျက်နှာ မငယ် ရအောင် အဆူအငေါက်မခံရအောင် ဆိုရင်တော့ ဒီလမ်းဟောင်းကြီးကို ဆက်လျှောက်နေ ကြရဦးမယ် မဟုတ်ပါလား။

 
အခုလိုမျိုး ကျောင်းသားမိဘတွေ အနေနဲ့ ငွေကုန်ကြေးကျသက်သာ စေဖို့ အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကစပြီးတော့ ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးဆိုင်ရာ အစီအစဉ် (School Grant Program) ဆိုပြီးတော့ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ School Grant Program ကို နိုင်ငံတော် ၏ လူမှု-စီးပွားရေး ပြုပြင်ပြောင်းလဲမှု အညွှန်းဘောင် (Framework of Social and Economic Reform- FESR ) အစီအစဉ်အရ ဆောင်ရွက်တဲ့ အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။ အခြေခံပညာကျောင်း များရဲ့ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေ ချောမွေ့စေဖို့ ဘဏ္ဍာရေးအရင်း အမြစ်တွေ ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ယေဘုယျရည်ရွယ်ချက်တွေ ကတော့ (က) အခြေခံပညာ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ (ခ) ပြည်သူလူထုထံမှ ထည့်ဝင်နေရသည့် ထောက်ပံ့ငွေပမာဏကို လျှော့ချနိုင်စေရန်၊ (ဂ) အခြေခံပညာကျောင်း များ၏ အရည်အသွေးမီ သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်လာစေ ရန်လို့ ဖော်Jပြထားပါတယ်။

 
ကျောင်းတွေကို ထောက်ပံ့ကြေးပေးတဲ့ ပုံစံတွေကတော့ ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်မှာ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းတွေနဲ့ ကျောင်းခွဲတွေကို နှစ်သုတ် ခွဲပြီးတော့ ထောက်ပံ့ကြေး ပေးခဲ့ပါတယ်။ ကျောင်းသား၅၀အောက်ဆိုရင်တော့ ၄ သိန်းကျပ်၊ ၅၁ယောက်မှ ၁၀၀အထိကို ၈ သိန်းကျပ်၊ ၁၀၁ယောက်မှ ၂၀၀အထိကို ၁၀ သိန်းကျပ်၊ ၂၀၁ယောက်မှ ၃၀၀အထိကို ၁၂သိန်းကျပ်၊ ၃၀၁ယောက်မှ ၄၀၀အထိကို ၁၄သိန်းကျပ်၊ ၄၀၁ယောက်မှ ၅၀၀အထိကို ၁၆သိန်းကျပ်နဲ့ ၅၀၁ယောက်နဲ့အထက်ဆို ရင်တော့ ၁၈ သိန်းကျပ် ပေးပါတယ်။ အထက်တန်းနဲ့ အထက်တန်းကျောင်းခွဲ တွေကို ပေးတဲ့ပုံစံကတော့ ကျောင်းတစ် ကျောင်းစီအတွက် ထောက်ပံ့ကြေးဟာ= ၅၀၀၀၀၀ + (၃၅၀၀ _ ကျောင်းသားဦးရေ) ဖြစ်ပါတယ်။ ဥပမာ ကျောင်းသားဦးရေ ၁၀၀၀ ရှိတဲ့ ကျောင်းဆိုရင်တော့ ၅၀၀၀၀၀ + (၃၅၀၀ _ ၁၀၀၀)= ၄၀သိန်းကျပ် ရပါ မယ်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာတော့ ကျောင်းသားတစ်ဦးကို ၃၅၀၀ကနေ ၅၀၀၀ ကျပ်နှုန်းအထိ တိုးပေးထားတယ်လို့ သိရပါတယ်။

 
အဲဒီထောက်ပံ့ကြေးတွေကို (၁) ပြည်တွင်း ခရီးစရိတ်၊ (၂) လုပ်အားခ၊ (၃) ငှားရမ်းခ၊ (၄) သယ်ယူပို့ဆောင်ခ၊ (၅) ရုံးအသုံးအဆောင်ပစ္စည်း၊ (၆) တံဆိပ်ခေါင်း၊ ကြေးနန်းနဲ့ တယ်လီဖုန်း၊ (၇) လျှပ်စစ်ဓာတ်အားခ၊ (၈) စာအုပ်၊ စာနယ်ဇင်း၊ သတင်းစာ၊ (၉) လုပ်ငန်းသုံး ပစ္စည်း၊ (၁၀) အစားအစာရိက္ခာ၊ (၁၁) ပြပွဲ၊ ပြိုင်ပွဲနဲ့၊ (၁၂) အခြား ဆိုပြီးတော့ ငွေစာရင်းခေါင်းစဉ်(၁၂)ခုနဲ့ ခွဲပြီးတော့ အသုံးပြုရပါမယ်။
School Grant Program အတွက် အသုံးပြုမယ့် ဘတ်ဂျက်ကိုတော့ ကမ္ဘာ့ဘဏ် ((IDA Credit) မှ အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာ သန်း(၈၀)နဲ့ AusAID Multi-Donor Trust Fund-MDTF မှ အမေရိကန်ဒေါ်လာ သန်း ၂၀ စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၀၀ကို နိုင်ငံတော်ဘတ် ဂျက်နဲ့ ပေါင်းပြီး တော့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စပြီးတော့ သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ကျောင်းအရေအတွက်အပေါ် မူတည်ပြီး ခွဲဝေလျာထားကာ ၄ နှစ် အကောင် အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 
School Grant Program ကရတဲ့ ထောက်ပံ့ကြေးတွေကို ကော်မတီများဖွဲ့စည်း ပြီးတော့ အသုံးပြုရမှာ ဖြစ်ပါတယ်။
ငွေကြေး ကောက်ခံခြင်းမပြုရဆိုတာ ကျောင်းအပ်ချိန်အတွင်းမှာလား စာသင်နှစ် တစ်ပတ်လုံးအတွင်းမှာလား ဆိုတာကတော့ စဉ်းစားစရာပါ။
ငွေကြေးကောက်ခံခြင်းမပြု ရဆိုတဲ့ အချက်က School Grant Program ကရတဲ့ ထောက်ပံ့ကြေးတွေကို ဘယ်လို သုံးရမယ်ဆိုတာမသိတဲ့ မိဘတွေနဲ့ ကျောင်းအုပ်ကြီးတွေကြားမှာ အမြင် မကြည်တာတွေ ရှိလာနိုင်ပါတယ်။ ဝါဆို သင်္ကန်းကပ်လှူခြင်း၊ အာစရိယ ပူဇော်ပွဲ ကျင်းပခြင်း၊ ဆွမ်းတော်ကြီး တင်လှူပွဲ ကျင်းပခြင်း၊ စုပေါင်းဘုံကထိန်ပွဲ ကျင်းပ ခြင်းနဲ့ ကျောင်းသား ကျောင်းသူ များနဲ့ သက်ဆိုင်တဲ့ နာရေးကိစ္စတွေအတွက် အလှူငွေကောက်ခံခြင်းမျိုးတွေဟာ မိဘတွေအနေနဲ့ ထည့်ဝင် ပေးရမယ့် အလှူငွေတွေ ဖြစ်ပါတယ်။ ဘယ်ငွေကြေး ခေါင်းစဉ်ကမှ ယူသုံးလို့မရပါဘူး။ နောက်ပြီး တော့ ကျောင်းသားဦးရေ တိုးလာလို့ပဲ ဖြစ်ဖြစ်၊ စာရေးခုံတွေ ပျက်စီးသွားလို့ ပဲဖြစ်ဖြစ် စာရေးခုံတွေ လိုအပ်ချက် ရှိလာ တဲ့အခါမှာဌာနကလည်း မပေးနိုင်၊ အလှူရှင် ကလည်း မရှိဖြစ်နေရင်တော့ အားလုံး ဝိုင်းဝန်း စဉ်းစားအဖြေရှာရ မယ့်ကိစ္စပါ။

 
မိဘတွေ အနေနဲ့ဘာကိစ္စပဲ ဖြစ်ဖြစ် ဘာအလှူငွေပဲ ကောက်ကောက် တိုင်မယ် တောမယ်ဆိုတဲ့ စိတ်ထားမျိုး ကင်းဖို့ လို ပါမယ်။ နောက်ပြီးတော့ သားသမီးတွေရဲ့ ပညာရေးကိစ္စတွေဟာ ဆရာတွေနဲ့ပဲ ဆိုင်တယ် ဆရာတွေဘာ လုပ်လုပ် လက်ခံ မယ်ဆိုတဲ့ စိတ်ထားမျိုးကိုလည်း ပြင်ရပါ မယ်။
မိဘတွေအနေနဲ့ မိဘဆရာပူးပေါင်း သားသမီး ပညာရေးကောင်းဆိုတဲ့ ဆောင် ပုဒ်နဲ့အညီ အရာရာကို ဆရာဆရာမ တွေနဲ့ ညှိညှိ နှိုင်းနှိုင်းနဲ့ ပူးပေါင်း ပါဝင်ပြီးတော့ အောင်မြင်မှုရအောင် ဆောင် ရွက်မယ်ဆိုတဲ့ စိတ်ထားမျိုးကို မွေးမြူကြဖို့ လိုပါမယ်။ ဒါမှလည်း ကျွန်တော်တို့လိုချင်တဲ့ အခြေခံ ကောင်းတဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို မွေးထုတ် ပေးနိုင်မယ့် ပညာရေးမျိုး ဖြစ်လာမှာပါ။