ကုန်တင်ကား ၁၄ စီး အဖမ်းခံရ

0
590

မြို့ထဲဝင်ကာ ကုန်တင်ကုန်ချ လုပ်သည့် ကုန်တင်ကားများအနက် ၁၄ စီးကို သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။ ကုန်တင်ကားများသည် မြို့ထဲ ဝင်ကာ ရွှေဝယ်သီရိ အားကစားကွင်း အနီးတွင် ကုန်ပစ္စည်းများအား ကား ငယ်များဖြင့် ကဲ့ယူလေ့ ရှိသည်။

ယင်းနေရာတွင် အလုပ်သမားများ နှင့် ကားသမားအချို့က မူးယစ်ရမ်းကား လေ့ရှိသည့်အတွက် ဖြတ်သန်း သွား လာသူများ အနှောင့်အယှက် ဖြစ်ရ သည်ဟုဆိုကာ သက်ဆိုင်ရာ အကြီး အကဲများမှ ထိန်းသိမ်းရန် ညွှန်ကြား လာသည့်အတွက် မေလ ၂၆ ရက်ည တွင် သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြော သည်။ယင်းသို့ ဖမ်းဆီးရာတွင် ယာဉ် ထိန်းရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ မထသ၊ ခထသနှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။

” ကုန်တင်ကားတွေက မြို့ထဲ ဝင်ခွင့်မရှိဘူး ကုန်တင် / ချ ခွင့်လည်း မရှိဘူး” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။ရဲတပ်ဖွဲနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင် များက မဝင်ရသည့်နေရာအား ဝင်လာ သည်ဟုဆိုကာ ဝှီးတက်နှင့် ယာဉ်မောင်း လိုင်စင်အား သိမ်းသွားပြီး ကားများကို တစ်ပါတည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကြည်စိုးက ပြောသည်။

ရွှေဝယ်သီရိ အားကစားကွင်း အနီးတွင် ကားရပ်နားလာသည်မှာ ၂နှစ်ခန့် ရှိပြီဖြစ်ပြီး ဖမ်းဆီးသည်မှာ ကားအားလုံးကို ဖမ်းဆီးခြင်း မဟုတ်ဘဲ မဖမ်းဘဲ ချန်ထားခဲ့သည်များရှိကြောင်း ဖမ်းဆီးခံရသူ ယာဉ်မောင်း ဦးတင်ထွန်း အောင်က ပြောသည်။” နံဘေးချင်းကပ် ခြံထဲမှာ ရပ်ထား တဲ့ တခြားဂိတ်က ကားတွေကျ မဖမ်းဘူး” ဟု ဦးတင်ထွန်းအောင်က ပြော သည်။ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးကမူ ယာဉ်မောင်းမရှိသည့် ကားဘီး ဖြုတ် ထားသည့် ကားများနှင့် လမ်းဘေး ပျက်နေသည့် ကားများကိုမူ ဖမ်းဆီး ရန် ခက်ခဲသည်ဟု ပြောသည်။

ဖမ်းဆီးထားသည့် ကုန်တင်ကား ၁၄စီးအား လာမည့် တနင်္လာနေ့တွင် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ဖြင့် တရားစွဲတင်သွား မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
À