မိုးရာသီ ထားဝယ်တစ်ခရိုင်လုံး သစ်ပင်စိုက်မည်

0
584

ယခုနှစ်မိုးရာသီတွင် လူမှုရေး အဖွဲ့အစည်းများ စုပေါင်းကာ ထားဝယ် ခရိုင်တစ်ခုလုံး လွှမ်းခြုံ၍သစ်ပင် စိုက် ပျိုးမည်ဖြစ်ကြောင်း ထားဝယ် လူငယ် မိတ်သဟာယအဖွဲ့ထံမှ သိရသည်။လောင်းလုံးမြို့နယ်တွင် ညင်းမော်၊ သကျက်တော၊ ကမ်းပနီစသည့်ကျေးရွာ များ၊ ရေဖြူမြို့နယ်တွင် ရလိုင်၊ ကံပေါက်၊ ကလုံးထာ၊ ဇာဒီ စသည့် ကျေးရွာများ၊ သရက်ချောင်းမြို့နယ်တွင် သဲချောင်းကြီး၊ ထားဝယ်မြို့နယ်တွင် တောင်သုံးလုံး၊ သပြုချောင်း စသည့် ကျေးရွာများတွင် စိုက်ပျိုးမည်ဖြစ် ကြောင်း သိရသည်။

plant_in_dawei

” လူထုစိတ်ဝင်စားမှုအပေါ် မူတည် ပြီး စိုက်မှာပါ။ အရင်က စိုက်ခဲ့တာ တွေက လူတွေကို မက်ဆေ့ပေးတဲ့ သဘော နဲ့ စိုက်ခဲ့လို့ လူတွေ စိုက်ရ ကောင်းမှန်း သိလာတယ် ” ဟု ထားဝယ် လူငယ် မိတ်သဟာယ အဖွဲ့မှ ဦးဘိုဘိုအောင်က ပြောသည်။
ထားဝယ်သုတေသနအဖွဲ့နှင့် ထားဝယ် လူငယ်မိတ်သဟာယ အဖွဲ့ တို့က ဦးဆောင်ကာ လူထုအခြေပြု အဖွဲ့အစည်းများနှင့်ဒေသခံများပူး ပေါင်းစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဇွန်လ ငါးရက်တွင် ကမ်းပနီတွင် ဒီရေတောများ စတင် စိုက်ပျိုးမည်ဖြစ်ပြီး အခြားနေရာများတွင် မဟော်ဂနီ၊ ပျဉ်းကတိုး၊ သစ်ချို၊ ရောရာ သစ်ပင်များနှင့် အရိပ်ရပင် ထောင်ချီစိုက် ပျိုးသွားမည်ဖြစ်ကြောင်း ဦးဘိုဘိုအောင် က ပြောသည်။
မိုးရာသီတွင် ထားဝယ်ဒေသရှိ လူမှုအဖွဲ့အစည်းများစုပေါင်းကာ နှစ်စဉ် သစ်ပင်စိုက်ပျိုးလေ့ရှိသည်။