ဆရာ၊ ဆရာမများ ငွေကြေးမကောက်ရန် ပြည်ထောင်စုဝန်ကြီး သတိပေး

0
493

ကျောင်းဆရာ၊ ဆရာမများ ကျောင်းအပ်နှံသည့်နေ့မှစပြီး ပညာသင် နှစ်ကုန်သည်အထိ အကြောင်းအမျိုး မျိုးပြကာ ငွေကြေးကောက်ခံခြင်း၊ လက် ဆောင်ပစ္စည်း တောင်းခံခြင်းများ မပြု လုပ်ရန် ပြည်ထောင်စု ပညာရေး ဝန်ကြီး က သတိပေးလိုက်သည်။

မေလ ၂၂ ရက်က မွန်ပြည်နယ် သို့ရောက်ရှိခဲ့သည့် ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးသည် မွန်ပြည်နယ်မှ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ ကျောင်းအကျိုးဆောင်များနှင့် ကျောင်း သားမိဘများကို မော်လမြိုင်မြို့အမှတ် (၆) အ.ထ.က ကျောင်းတွင် တွေ့ဆုံခဲ့စဉ် ထိုကဲ့သို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

 
“ကျောင်းအပ်နှံတဲ့ နေ့ကနေစပြီး တော့ ပညာသင်နှစ်ကုန်တဲ့ထိ ဘာ အကြောင်းပြချက်နဲ့မှ ငွေကြေး ကောက် ခံတာ၊ လက်ဆောင်ပစ္စည်းတောင်းခံတာ တွေ မပြုလုပ်ကြဖို့ ကျွန်တော်မှာကြားချင် ပါတယ်” ဟု ၎င်းက ပြောသည်။

 
မွန်ပြည်နယ် ပညာရေးမှူးရုံး ကလည်း ငွေကြေး၊ လက်ဆောင်ပစ္စည်း များ လက်ခံခြင်းမပြုရန်နှင့် အတန်း တံဆိပ်၊ ကျောင်းတံဆိပ်အပါအဝင် မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုလုပ်ရန် ပညာရေးဝန်ထမ်းများကို ညွှန်ကြားထားပြီးဖြစ်သည်ဟု ပြည်နယ် ပညာရေးမှူးထံရုံးထံမှ သိရသည်။
ကျောင်းအပ်နှံကြမည့် ကျောင်းသူ^ သား မိဘအုပ်ထိန်းများထံမှ အကြောင်း အမျိုးမျိုးပြပြီး ငွေကြေးတောင်းခံခြင်း လက်ဆောင်ပစ္စည်းတောင်းခံခြင်းများ စစ်ဆေးတွေ့ရှိပါက အဆိုပါ ပညာရေး ဝန်ထမ်းအား အရေးယူသွားမည်ဟု မွန် ပြည်နယ် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။
၂၀၁၅-၂၀၁၆ ပညာရေးနှစ်က မွန်ပြည်နယ်အတွင်းရှိ အစိုးရအခြေခံပညာစာသင်ကျောင်းများတွင် ပညာ သင်ကြားခဲ့သည့် ကျောင်းသူ^သား စုစုပေါင်း လေးသိန်းနီးပါး ရှိသည်။