မွန်တွင် အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ် ကျင်းပ

0
382

ဒုတိယအကြိမ် မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် နှစ်ရက်တာ ကျင်းပလျက် ရှိသည်။

ဖိုရမ်သို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၀၆ ဖွဲ့တို့ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကဏ္ဍများ ဆွေးနွေးကြမည်ဖြစ်သည်။

Mon Forum

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်နေသူတို့၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေကို အောက်ခြေအဆင့်ရှိ လူမှုအဖွဲ့အစည်းများ သာမာန်ပြည်သူလူထုများ သိရှိနိုင်အောင်နှင့် ကိုယ်တိုင် ပါဝင်လာနိုင်အောင်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်ဟု ဖိုရမ်ကျင်းပရေးကော်မတီမှ သိရသည်။

“တကယ်ငြိမ်းချမ်းရေးကို လုပ်ဆောင်နေတဲ့အချိန်မှာ လူထုတွေနဲ့ အနီစပ်ဆုံးက လူမှုအဖွဲ့အစည်းတွေပဲဖြစ်တယ်၊ လူထုရဲ့ခံစားနေရတဲ့ အခြေအနေကို အရပ်ဖက်အဖွဲ့အစည်းတွေပဲ သိတယ်” ဟု ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် မိငွေလေးက ပြောသည်။

ပထမအကြိမ် မွန်ပြည်နယ် အရမ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။