အသည်းပုံကျွန်း အလည်အပတ် ခေတ္တရပ်နား

0
389

မြန်မာနိုင်ငံတောင်ပိုင်းရှိ နာမည် ကျော် အသည်းပုံ ကြက်မောက်ကျွန်းသို့ အလည်အပတ် ခရီးစဉ်အား မိုးတွင်း ကာလတွင် ခေတ္တရပ်နားလိုက်ပြီဖြစ် သည်။

heart-shape-lakeမိုးရာသီအတွင်း ခရီးသွားဧည့် သည်များ ဘေးကင်းစေရန် ထိုကျွန်းသို့ ပို့ဆောင်နေသော ခရီးစဉ်များကို မေလ ၂၃ ရက်မှ စတင်၍ ရပ်နားခဲ့ခြင်း ဖြစ် ကြောင်း Grand Andaman Travel & tours   ခရီးသွားလုပ်ငန်းထံမှ သိရ သည်။” အစိုးရက ရပ်နားခိုင်းတာမဟုတ် ပါဘူး ” ဟု ကုမ္ပဏီ တာဝန်ရှိသူ ဦးယဉ်ထွေးက ဆိုသည်။

 
ခရီးစဉ်များကို အောက်တိုဘာလ အတွင်း ပြန်လည်စတင်မည်ဖြစ်ပြီး ယခု ခေတ္တရပ်နားလိုက်သော ခရီးသွား အစီ အစဉ်တွင် ကြက်မောက်ကျွန်း (အသဲပုံ ကျွန်း)၊ မြင်းခွာကျွန်း၊ ဒန်ကင်းကျွန်းနှင့် ဇာဒက်အော်တို့ ပါဝင်သည်။
ယင်းတို့အနက် အသည်းပုံကျွန်းမှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်သည်။