မြေထိန်းနံရံပြိုကျရာမှ နေအိမ်ပျက်စီး

0
394

ကော့သောင်းမြို့၊ ရွှေဇင်ယော် ရပ်ကွက်တွင် မြေထိန်းနံရံပြိုကျရာမှ ၆ ခန်းတွဲ နေအိမ်တန်းလျား တစ်ခု၏ အနောက်ဘက်ခြမ်း ပျက်စီးခဲ့ကြောင်း ရွှေဇင်ယော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းရပ်ကွက် ဖိုးငြိမ်းခြံရှိ ဦးထွန်း မြိုင် အိမ်တန်းလျားတွင် မေလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
” အိမ်ရှေ့မှာထိုင်နေကြတာ၊ ဝုန်းဆို အသံကြားတော့ မိုးကြိုးပစ်တယ်ထင်ပြီး ထွက်ပြေးကြတာ၊ နောက်မှ အိမ်အ နောက်နံရံပြိုကျတာမှန်း သိတယ်” ဟု အဆိုပါ တန်းလျားတွင် နေထိုင်သူ ဒေါ် အေးကြူက ပြောသည်။

kt_wall
ပြိုကျသည့် မြေထိန်းနံရံမှာ အပေါ် ပိုင်းတွင်သာ ကျောက်စီထားပြီး အောက် ခြေတွင် မစီထားသည့်အတွက် မိုးသည်း ထန်စွာ ရွာသွန်းချိန်တွင် ကွာကျခဲ့ခြင်း ဖြစ်ကြောင်း ယင်းတန်းလျားတွင် နေ ထိုင်သူ ကိုကျော်ခိုင်မိုးက ပြောသည်။လက်ရှိတွင် တန်းလျားပိုင်ရှင်က အခန်းငှားနေထိုင်သူများအား အခြား အိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ပေးထားပြီး လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ဒေသ တာဝန်ရှိသူများကလည်း လာရောက်ကူညီကြသည်ဟု ပြိုကျသည့် အိမ်တွင် နေထိုင်သူများက ပြောသည်။
ပြိုကျခဲ့သည့် တန်းလျားတွင် လူဦး ရေ ၂၀ ခန့် နေထိုင်သည်။
ပြီးခဲ့သည့်နှစ် မိုးရာသီကလည်း ရွှေဇယ်ယော်ရပ်ကွက်တွင် မြေထိန်းနံရံ ပြိုကျခဲ့သဖြင့် နေအိမ်တစ်အိမ် ပျက်စီးခဲ့ ဖူးသည်။