တိုင်းအတွင်း ကျားထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မည်

0
363

တနင်္သာရီတိုင်းဒေသကြီးတွင် ကျားထိန်းသိမ်းရေးလုပ်ငန်းကို (၂၀၁၆ မှ ၂၀၁၈)အထိ ၃ နှစ် စီမံကိန်းဖြင့် အကောင်ထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် သစ်တောဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်းထံမှ သိရသည်။


ကမ္ဘာပေါ်တွင် ကျားအကောင်ရေတွက် တဖြည်းဖြည်း လျော့နည်းလာနေပြီဖြစ်ကာ လက်ရှိ တစ်ကမ္ဘာလုံးတွင် ၃၂၀၀ ကောင်သာရှိနေပြီး ယင်းတို့အနက် မြန်မာပြည်တွင် ၈၅ ကောင်ခန့်သာ ရှိတော့ကြောင်း အပြည်ပြည်ဆိုင် အပင်နှင့်သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ ( FFI ) Program Manager Mr.Mark Grindley က ပြောပြသည်။

 
တိုင်းအတွင်းရှိ လေညှာအဆိုပြုအမျိုးသားဥယျာဉ်နှင့်တနင်္သာရီ အဆိုပြု အမျိုးသားဥယျာဉ်တို့တွင် ကျားများကို တွေ့ရှိနေပြီးယင်းဒေသများကို ကျား ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင် သွားမည်ဟု အပြည်ပြည်ဆိုင်ရာ အပင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
“တနင်္သာရီတိုင်း အတွင်းမှာဆိုရင် ၁၀ ကောင်နဲ့အထက်ဘက်မှာရှိပါတယ် လေညှာဘက်မှာက ၄ -၅ ကောင်ခန့်သာရှိပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ အပင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်း ရေးအဖွဲ့ Senior Biologist ဦးစောစိုးအောင်က ပြောပြသည်။

 
ယင်းကျားအကောင်ရေများမှာ ၂၀၁၄ မှ ၂၀၁၆ လက်ရှိအချိန်အထိ စစ်တမ်းကောက်ယူမှုအရ သိရှိထားခြင်းဖြစ်ကြောင်း ဦးစောစိုးအောင်က ပြောသည်။
ယခင်က ယခုထက်မက ရှိသော်လည်း သစ်ထုတ်လုပ်ငန်း၊ တောင်ယာများချဲ့ထွင်ခြင်းလုပ်ငန်း၊ ထိုင်းနှင့် မြန်မာမုဆိုးများကြောင့် ကျားစားကျက်များ ပျောက်ကွယ်နေရကြောင်း ၎င်းက ပြောသည်။သစ်တောဦးဌာနသည် ၂၀၁၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အပင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်း ရေးအဖွဲ့ FFI ( fauna & flora International) နှင့် နှစ်ဦးသဘောတူ စာချွန်လွှာရေးထိုး ပြီးဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးဋ္ဌာနမှ သိရသည်။