အချုပ်သား ထမင်းထုပ်ထဲ ဘိန်းစာမှုန့်ထုပ်ဝှက်ယူလာ

0
423

ကော့သောင်းမြို့မ ရဲစခန်း အချုပ် တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးစစ် ဆေးခံနေရသူထံ လာပို့သည့် ထမင်း ထုပ်ထဲတွင် ဘိန်းစာမှုန့် ဝှက်ယူလာမှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

cocane_in_htamin

မေလ ၂၄ ရက်က အချုပ်သား ခင်ပွန်းဖြစ်သူထံ ဇနီးဖြစ်သူက လာပို့ သည့် ဖော့ဘူးဖြင့်ထည့်ထားသည့် ထမင်းထုပ်အား စစ်ဆေးရာ အလေးချိန် ၁၀ ဂရမ်ရှိ ဘိန်းစာမှုန့် တစ်ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ ရဲအုပ်က ပြောသည်။

သိမ်းဆည်းရမိသည့် ဘိန်းစာမှုန့် နှင့် ပတ်သက်ပြီး မေးမြန်းရာ ခင်ပွန်းဖြစ် သူ၏ အစ်ကိုတော်စပ်သူထံမှ ရရှိသည် ဟု ထွက်ဆိုသဖြင့် ၎င်းနေထိုင်သည့် ဘုရင့်နောင်ရပ်ကွက် ကျောက်ဖျာလမ်းရှိ နေအိမ်သို့ သွားရောက်ဖမ်းဆီးသော် လည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့သည် ဟု အထက်ပါရဲအုပ်က ပြောသည်။
ထို့ကြောင့် အချုပ်သား၏ အစ်ကို တော်စပ်သူအား ဖမ်းဆီးရမိရေး ဆက် လက်ဆောင်ရွက်နေသည်ဟု ပြောသည်။

ထမင်းထုပ်တွင်း ဘိန်းစာမှုန့်ထုပ် ဝှက်သယ်လာသည့် အမျိုးသမီး၏ ခင် ပွန်းနှင့် သူငယ်ချင်းဖြစ်သူတို့အား မေလ ၂၁ရက်က ကာလတန်ဖိုး ၁၆ သိန်း ကျော်ရှိ ဘိန်းစာမှုန့်များနှင့်အတူ ရဲတပ် ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။အဆိုပါ အမျိုးသားသည် ၂၀၁၀ ခုနှစ်က မူးယစ်ဆေးဝါးအမှုဖြင့် ထောင် ဒဏ် ၁၄ နှစ်ကျခံခဲ့ရပြီး လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။