တိုးဂိတ်သစ်ကြောင့် ထားဝယ်မြို့ နယ်တွင်းသွား မော်တော်ကားများနစ်နာ

0
456

ထားဝယ်-မြိတ်လမ်းမပေါ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ခဲ့သည့် လမ်း အသုံးပြုခ ငွေကောက်ခံ ဂိတ်ကြောင့် ထားဝယ်မြို့နယ်တွင်းသွား မော်တော် ကားများ နစ်နာသည်ဟု ယာဉ်မောင်းများ က ပြောသည်။

ယခင်က ထားဝယ်မြို့နယ်အထွက် ရွှေဂူတောင်တံတားတွင် ကောက်ခံနေရာ မှ ပြီးခဲ့သည့် ဧပြီလဆန်းမှစကာ ထား ဝယ်မြို့နယ်အတွင်းရှိ ကနိုင်းဒါရွာနှင့် သမိုင်းဝင် ရှင်ကိုးရှင်ဘုရား တစ်ဆူ ဖြစ်သည့် ရှင်မုတ္ထီးဘုရားတည်ရှိရာ ရှင် မုတ္ထီးရွာအကြားသို့ ပြောင်းရွှေ့ ကောက် ခံသည်။
” ကိုယ်နေထိုင်တဲ့ မြို့နယ်ထဲမှာ သွားလာတာတောင် ပိုက်ဆံပေးပြီးမှ သွားနေရတဲ့ သဘောဖြစ်နေတယ် ” ဟု ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်မှ ကိုသိုက်ထွန်းက ပြောသည်။

 
ဘုရားဖူးခရီးသည်များအား ထားဝယ်မြို့နယ်အတွင်းရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မုတ္ထီးဘုရားကိုသွား ရောက် ပို့ဆောင်ပါက ကနိုင်းဒါရွာအထွက်ရှိ တိုးဂိတ်တွင် အသွား ၄၀၀ ကျပ်နှင့် အပြန် ၄၀၀ ကျပ် ပေးဆောင်ပြီးမှ သွားလာနေရသည့်အတွက် ဘုရားဖူး ပို့ဆောင်ရေးကားများမှာ မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုများ ရှိနေကြောင်း ထားဝယ်မြို့ စာတိုက်လမ်းဆုံမှ ဘုရား ဖူးပို့ဆောင်နေသည့် ယာဉ်မောင်းတစ်ဦး က ပြောသည်။” ခရီးသည်တွေအပေါ်မှာ ပိုမယူ တော့ဘူး။ ကိုယ်ပဲ အနစ်နာခံ လိုက်တာ များတယ် ” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။ရန်ကုန်ကဲ့သို့သော နေရာများတွင် သွားမည့် လမ်းတစ်လျှောက်ရှိ လမ်းတံ တားကြေးအား ခရီးသည်ဖြစ်သူမှ ပေး ဆောင်ရကာ ထားဝယ်ဒေသတွင်မူ အ ငှားလိုက်သည့် ယာဉ်မှပေးဆောင် နေရ ကြောင်း ၎င်းက ပြောသည်။

 
ယခင်က ကောက်ခံခဲ့သည့် ရွှေဂူ တောင်တံတားနေရာတွင် တိုးဂိတ် ဆောက်ရန်နေရာ အကျယ်အဝန်း အဆင် မပြေသည့်အတွက် ရေရှည်ကို ကြည့်ကာ နေရာရွေ့ပြောင်း တည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ နှောင်း ပိုင်းက ပြောခဲ့သည်။

 
” ရှင်မုတ္ထီးဘုရားကို ဘုရားဖူး သွားမယ်ဆိုရင် ပြောဆိုပြီး သွားလို့ ရပါတယ် ” ဟု တိုင်းဒေသကြီး လမ်းဦး စီးဌာနမှ အဆိုပါ တာဝန်ရှိသူက ပြော သည်။