ထားဝယ်ဆေးရုံကြီးကို ထိုင်းအစိုးရက ဆေးရုံသုံးပစ္စည်းလှူ

0
402

ထားဝယ်ဆေးရုံကြီးအတွက် အရေးပေါ်လူနာသုံး ပစ္စည်းများနှင့် အခြား ဆေးရုံသုံးပစ္စည်းများကို မေလ ၁၈ ရက် က ထိုင်းအစိုးရက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ လာရောက် လှူဒါန်းခဲ့သည်။


အရေးပေါ်လူနာသုံးပစ္စည်းများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ပစ္စည်းများ၊ မျက်စိဆိုင်ရာ ပစ္စည်းများ နှင့် ဓာတ်မှန်ဌာနသုံး ပစ္စည်းများ၊ လှူဒါန်း ခဲ့ကြောင်း ထားဝယ်အထွေ ထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ဆိုသည်။
” ဆေးရုံသုံးပစ္စည်းတွေ ပိုပြည့်စုံ လာလို့ ပိုပြီးလုပ်ပေးနိုင်ပြီး ပြည်သူတွေ တိုက်ရိုက် အကျိုးရှိတာပေါ့”  ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ကြီးမှ ထိုင်းအစိုးရကိုယ်စား လာရောက် လှူဒါန်းသည့် အရေးပေါ် လူနာသုံး ပစ္စည်းများသည် အမေရိကန်ဒေါ်လာ ရှစ်သောင်းကျော် (မြန်မာငွေ ကျပ်သိန်း တစ်ထောင်နီးပါး) တန်ဖိုးရှိကြောင်း သိရသည်။