ဒုံညောင်မှိုင်းရွာ ကမ်းခြေတွင် အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်

0
455

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး ကျေးရွာ စု ဒုံးညောင်မှိုင်းရွာ ကမ်းခြေတွင် လဝန်းနီနီ အင်္ဂလိပ်စာသင်တန်းမှ ကျောင်းသူ^သားများနှင့်အဖွဲ့က အမှိုက် ကောက် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


collect_rubbish_myeikခရီးသွားလာမှု မြင့်တက်လာသည့် ကျွန်းစုမြို့နယ်ရှိ ကျွန်းများအနက် ဆလုံ လူမျိုးများ နေထိုင်သည့် ယင်းကျေး ရွာကမ်းခြေတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် ရည်ရွယ်ပြီး လှုံ့ဆော်ခဲ့ ခြင်းဖြစ်ကြောင်း ယင်းသင်တန်းကျောင်း မှ ဆရာမ ဒေါ်လင်းသီရိက ပြော            သည်။
ယင်းအမှိုက်ကောက် လှုပ်ရှား မှုတွင် ဒေသခံ ကလေး၊ လူကြီးများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အမှိုက်ပုံ အလုံး ၂၀ ကို ဆာကူရာ ခရီးသွား လုပ်ငန်းမှ လှူဒါန်းခဲ့သည်ဟု သိရသည်။
ရေမြစ်ကြီး ကျေးရွာအုပ်စု၊ ဒုံးညောင် မှိုင်းရွာတွင် မြန်မာ၊ ကရင်နှင့် ဆလုံ လူမျိုးတို့ နေထိုင်ကြပြီး လူဦးရေ ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။