ရန်ကုန်-ထားဝယ် မှန်လုံယာဉ် အချို့ မုဒုံအနီး ခဲပစ်ခံရပြန်

0
620

ရန်ကုန်-ထားဝယ် ခရီးသည်တင် မှန်လုံအချို့ မွန်ပြည်နယ်၊ မုဒုံမြို့အနီး တွင် မေလ ၁၅ ရက်က ခဲဖြင့် ပစ်ခံခဲ့ရပြီး ကားရှေ့မှန်များ ကွဲအက်သွားခဲ့ ကြောင်း ပစ်ခံခဲ့ရသည့် ယာဉ်လိုင်းများထံမှ သိရ သည်။


မွန်ပြည်နယ်ရှိ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံစသည့် မြို့နယ် လမ်းတစ်လျှောက် တွင် ခရီးသည်တင်ကားများ နှစ်စဉ် မကြာခဏ ခဲဖြင့်ပစ်ခံနေရသည့် နောက်ဆက်တွဲဖြစ်ရပ်အဖြစ် ယခု တစ်ကြိမ် ထပ်ပစ်ခံရခြင်း ဖြစ်သည်။
” ပစ်လိုက်တဲ့ခဲက လက်သီးဆုပ် အရွယ်လောက်ရှိတယ်။ လေကာမှန် (ကားအရှေ့မှန်) ပေါက်ဝင်လာပြီး ကျွန် တော့ ခေါင်းနံဘေးက ဖြတ်သွားတယ်။ ကျွန်တော့်မျက်နှာကိုထိရင် ကားတောင် မှောက်သွားနိုင်တယ်” ဟု မေလ ၁၅ ရက် ညက ခဲပစ်ခံခဲ့ရသည့် ယာဉ်မောင်းက ဆိုသည်။
ယင်းနေ့ ည ၉ နာရီခန့် မုဒုံမြို့ အဝင် (ထားဝယ်မှ ရန်ကုန်အတက်ကား) တွင် မျက်နှာချင်းဆိုင်မှလာသည့် ဆိုင် ကယ်စီးအမျိုးသားနှစ်ဦးက ကားအရှေ့ မှန်ကို ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။ထားဝယ်မှ ရန်ကုန်သွားသည့် နယူးရွှေလီ၊ အောင်ရတနာယာဉ်လိုင်း များမှ ယာဉ်များနှင့် ရန်ကုန်မှ ထားဝယ် သို့ ထွက်ခွာလာသည့် နယူးရွှေလီ ယာဉ်လိုင်းမှ ယာဉ်တစ်စီးပစ်ပေါက်ခံ ခဲ့ရကာ ယင်းဖြစ်စဉ်မတိုင်မီ တစ်ရက် ကလည်း အဆင့်မြင့်ယာဉ်လိုင်းတစ်ခုမှ ကားတစ်စီး ခဲဖြင့်ပစ်ပေါက်ခံရကြောင်း ယာဉ်မောင်းများထံမှသိရသည်။
ကားမှန်အား ခဲဖြင့်ပစ်ပါက်ခံရပြီး နောက် မုဒုံရဲစခန်းအား ဝင်ရောက် အကြောင်းကြားခဲ့သော်လည်း မေလ ၁၉ ရက်အထိ အကြောင်းပြန်ခြင်း တစ်စုံ တစ်ရာ မရှိသေးကြောင်း ခဲဖြင့်ပစ်ပေါက် ခံရသည့် ယာဉ်မောင်းက ဆိုသည်။
” ဒီလိုဖြစ်နေတာကို ကြပ်ကြပ် မတ်မတ် မတားဆီးနိုင်ဘူးဆိုရင် နောင် လည်းဖြစ်နေဦးမှာပဲ” ဟု ထားဝယ်-ရန်ကုန်ယာဉ်လိုင်းတစ်ခုမှ ဂိတ်တာ ဝန်ခံက ပြောသည်။
ယင်းကိစ္စအားမေးမြန်းရန် တနင်္သာရီ အပတ်စဉ်မှ မုဒုံမြို့ ရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ကြိုးစား ဆက်သွယ်ခဲ့သော် လည်း ဖုန်းကိုင်ဖြေကြား ခြင်းမရှိပေ။ ထားဝယ်မှ ရန်ကုန်သို့ ဆက်သွယ် ထားသည့် ပြည်ထောင်စုလမ်းပေါ်တွင် ခရီးသည်ကားများ မကြာခဏ နှောင့်ယှက် ခံနေရသည့်အတွက် မွန်ပြည်နယ်၏ လုံခြုံရေးအပေါ် ယာဉ်ပိုင်ရှင်နှင့် ယာဉ် မောင်းများက မေးခွန်းထုတ်လျက်ရှိသည်။