မြိတ်တွင် အကောက်ခွန်မဲ့ဘီယာ ပါကင် ၃၀၀၀ ကျော် ဖမ်းမိ

0
591

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ရပ်ကွက် အထပ်သား စက်ရုံနံဘေး သစ်စက်အနီးတွင် မေလ ၁၇ ရက်က ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အကောက်ခွန်မဲ့ ဘီယာပါကင် ၃၀၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။


ယင်းနေ့ ည ၁၂ နာရီခန့်တွင် Chang တံဆိပ် ဘီယာ ၂၃၃၀ ပါကင်၊ Singer ဘီယာ ၈၇၀ ပါကင် စုစုပေါင်း ၃၂၀၀ ပါကင်ကို ဖမ်းဆီးရမိခဲ့သည်ဟု မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ အဆိုပါ ဘီယာပါကင်များကို မြို့တွင်းသို့ ခြောက်ဘီးကားဖြင့် သယ် ယူလာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဘီယာပါကင်များကို စက်လှေဖြင့် တင် သွင်းလာသူများကို ဖမ်းဆီး အရေးယူ နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းမိထားသည့် ဘီယာပါကင် များအား မြိတ်မြို့မရဲစခန်းမှ အကောက် အခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေး အပ်နှံ သွားမည်ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။