မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရသစ် ပထမဆုံးအကြိမ် တွေ့ဆုံ

0
506

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ် ပါတီအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရသစ်တို့ မေလ ၁၉ ရက်က  မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ကြသည်။


တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်၊ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှ၊ မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် နိုင်လယီကကောင်းတို့ အဖွဲ့ နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးတို့ ဦးဆောင်သည့်အဖွဲ့တို့ ပါဝင်သည်။

mon_meeting
အဆိုပါ တွေ့ဆုံမှုသည် အသစ် တက်လာသည့် အစိုးရနှင့်တွေ့ဆုံ မိတ် ဆက်သည့် သဘောသာဖြစ်ပြီး အခြား အကြောင်းအရာများ ထူးထူးခြားခြား ဆွေးနွေးမှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှ က ပြောသည်။