တိုင်းလွှတ်တော်တွင် ရေးရာကော်မတီ ၆ ခုဖွဲ့စည်း

0
442

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်တွင် ရေးရာကော်မတီ ၆ ခုဖွဲ့စည်း ထားကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။
ယခင်က တိုင်းဒေသကြီးလွှတ် တော်တွင် ရေးရာကော်မတီ ၅ ခုကို ဖွဲ့စည်းရန် လျာထားသည်ဟု ပြောဆိုခဲ့ ဖူးသော်လည်း လွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ် ချက်အရ ကော်မတီ ၆ ခုကို ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။


ထပ်တိုးလိုက်သည့် ကော်မတီမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကော်မတီ ဖြစ်သည်။
“ကော်မတီတွေ ဖွဲ့စည်းဖို့ပြင်ဆင် နေတာ အချိန်တစ်လလောက်ကြာသွား တယ်” ဟု ဦးခင်မောင်အေးက ပြော သည်။
တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်း ဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင် ရာ ကော်မတီနှင့် တိုင်းဒေသကြီး လွှတ် တော် တိုင်းရင်းသားလူမျိုးများ အရေး ဆိုင်ရာ ကော်မတီတို့ကို မေလ ၁၀ ရက်က ဖွဲ့စည်းအတည်ပြုခဲ့သည်။
မေလ ၁၆ ရက်တွင်မူ တိုင်းဒေသ ကြီးလွှတ်တော် အာမခံချက်များ၊ ကတိ များ၊ တာဝန်ခံချက်များနှင့် တိုင်ကြား စာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့ကို ထပ်မံအတည် ပြုခဲ့သည်။
” ဥပဒေပြုရေးဆိုင်ရာ ကော်မတီအ နေနဲ့ တိုင်းလွှတ်တော်က အတည်ပြု ထားတဲ့ ဥပဒေတွေထဲက ယစ်မျိုးဥပဒေနဲ့ မြို့နယ်စည်ပင် သာယာရေးကော်မတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပထမဆုံး လေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ် ပြဋ္ဌာန်းဖို့ကိစ္စတွေအတွက် အချက် အလက်တွေ စုဆောင်းသွားမယ်” ဟု ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် တိုင်းလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးက ပြောသည်။
ဥပဒေများ၏ အားနည်းချက်၊ အားသာချက်ကို လေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ် ပြဋ္ဌာန်းခြင်းဖြင့် အသက်မဝင်သည့် ဥပဒေကို အသက် ဝင်လာစေရန်၊ မကျင့်သုံးသည့် ဥပဒေကို ကျင့်သုံးလာစေရန် ရည်ရွယ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးကြည်စိုးက ဆို သည်။
ကော်ရှင်များကိုမူ ဒုတိယပုံမှန် အစည်းအဝေးပြန်လည် ကျင်းပချိန်တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး လွှတ်တော်ထံမှ သိရသည်။

 

dawei_hlaunt_taw