ထားဝယ်-ထီးခီးလမ်းတွင် KNU က ကောက်ခံသည့် ငွေကြေး ပမာဏများဟု ယာဉ်လိုင်းတာဝန်ရှိသူများပြော

0
497

ထိုင်း-မြန်မာနယ်စပ် ထီးခီး နယ်စပ်ဂိတ်နှင့် ထားဝယ် ကြားလမ်းပိုင်း တွင် KNU က ကောက်ခံသည့် ငွေ ကြေးပမာဏ များသောကြောင့် အခက် တွေ့နေရကြောင်း ထားဝယ် ထီးခီး ခရီးသည်တင် ယာဉ်လိုင်း တာဝန်ခံ အချို့နှင့် ယာဉ်မောင်းများက ပြောသည်။


ထားဝယ်မြို့မှ ထီးခီး နယ်စပ် ဂိတ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ဂိတ်တစ်ဂိတ်လျှင် တစ်နှစ်စာအတွက် ထိုင်းဘတ်ငွေ တစ်သောင်း(ကျပ် သုံးသိန်းခွဲခန့်) ပေးဆောင်ရသည့်အပြင် ထားဝယ်မြို့မှ ထီးခီးနယ်စပ်ဂိတ်သို့ ဝင်ရောက်ရာတွင် လူတစ်ဦးကို ထိုင်း ဘတ်ငွေ ၁၀၀ အား လမ်းပိုင်းရှိ KNU ဂိတ်တွင် ပေးဆောင်နေရကြောင်း ထား ဝယ်-ထီးခီးပြေးဆွဲနေသည့် ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ပြောသည်။
၎င်းအပြင် ထီးခီးမှ ထားဝယ်သို့ (အနည်းဆုံး ခရီးသည်တစ်ဦး တင် ဆောင်ပြီး) ပြန်ထွက်ပါက ထီးခီးနယ်စပ် ဂိတ်အနီးရှိ KNU  စခန်းဂိတ်တွင် ဘတ်ငွေ ၄၀၀ အား ပေးဆောင်နေရသဖြင့် ခရီးသည်ရရှိမှု နည်းပါးသည့်အချိန်တွင် အဆင်မပြေဟု ၎င်းက ဆိုသည်။
“ငွေကြေး မကောက်နဲ့လို့ မပြော ဘူး၊ ပေးရတဲ့သူတွေ အဆင်ပြေ အောင် ပုံမှန်စံနှုန်းတစ်ခု သတ်မှတ်ပြီး ကောက် စေချင်တယ်” ဟု အဆိုပါယာဉ်လိုင်း တာဝန်ခံက ပြောသည်။
ယင်းအပြင် ထားဝယ်ဘက်မှ ရေ ထွက်ပစ္စည်း(ငါး၊ ပုစွန်) များအား ထိုင်း နိုင်ငံသို့ တင်ပို့ရန် သယ်ဆောင်ရာတွင် ငါးအဝယ်ဒိုင်မှ ပြေစာနှင့် အစိုးရ၏ သက်ဆိုင်ရာ အခွန်စာရွက်စာတမ်းများ အား အဆိုပါ KNU တပ်စခန်းဂိတ် များတွင် ထုတ်ပြသော် လည်း ၁လီတာ ဆံ့ ပုံး ၈ လုံး သယ်ဆောင်လာသည့် ယင်းခရီးစဉ်တွင် ထိုင်းဘတ်ငွေ ၂၅၀၀ ပေးဆောင်ခဲ့ရကြောင်း ထီးခီး ယာဉ် လိုင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ကားသမားများ၏ ပြောကြားချက် နှင့်ပတ်သက်ပြီး တပ်မဟာ ၄ ကရင် အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ ကားသမားများအနေဖြင့် သက်ဆိုင် ရာ အစိုးရဌာနထံသို့ဖြစ်စေ  တပ်မဟာ ၄  KNU  ဆက်ဆံရေး ရုံးသို့ ဖြစ်စေ တရားဝင်တင်ပြပြီး တွေ့ဆုံ ဆွေးနွေးပါ က အဖြေရှာရန်လွယ်မည်ဟု ထင် ကြောင်း ယင်းရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ဆိုသည်။
” ဒါက တော်တော်ကြီး လုပ်ယူရ မယ့်အပိုင်းမှာ ရှိတဲ့အပေါ်မှာ အဲလောက် ပဲ ပြောနိုင်မယ်၊ တရားဝင်နည်း လမ်းပုံစံ နဲ့ ဆွေးနွေးကြမယ်ဆို ပိုအဆင်ပြေ မယ်ထင်တယ်” ဟု ဖဒိုဝင်းခိုင်က ပြော သည်။
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ ထီးခီးနယ်စပ်ဂိတ်အား ၂၀၁၃ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ အချိန်တွင် ခရီးသည် တင်ယာဉ်လိုင်း ၂၀ခန့် ပြေးဆွဲလျက်ရှိကြောင်း ယာဉ် လိုင်းအသိုင်းအဝိုင်းမှ သိရသည်။