ဆိုင်ကယ်စီး ဆွဲကြိုးဖြတ်သူများ ခပ်စိပ်စိပ် အစွမ်းပြ

0
474

ထားဝယ်မြို့တွင် ဆိုင်ကယ်စီး ဆွဲ ကြိုးဖြတ်သည့် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဆက်တိုက်ဖြစ်လာပြီး တစ်ပတ်အတွင်း လေးကြိမ် အထိရှိလာကြောင်း ခံရသည့် ကာယကံရှင်များနှင့် ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။


မေလ ၁၀ ရက်နေ့မှ ၁၆ ရက် နေ့အထိ တစ်ပတ်အတွင်း ရွှေတောင်စား ဘုရားတွင်တကြိမ်၊ ရွှေဝယ်သီရိကလေး ကစားကွင်းတွင်တစ်ကြိမ်၊ ပိန္နဲတောရပ် ကွက် ပခုက္ကူကျောင်းရှေ့လမ်းတွင် တစ်ကြိမ် နှင့် ကမ်းနားဈေးအနီးတွင် တစ်ကြိမ် ဆွဲကြိုးဖြတ်ပြေးမှု ဖြစ်ခဲ့ကြောင်း ထားဝယ် မြို့မရဲစခန်းထံမှ သိရသည်။ဘုရားကြီးဝင်းအတွင်း ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့် ကမ်းနားဈေးအနီးဖြစ်ပွား သည့် ဖြစ်စဉ်များတွင် ရွှေဆွဲကြိုးများ ပါသွားခဲ့သည်။
“ဖြစ်တဲ့နေရာတွေက မြို့ထဲလူစည် ကားတဲ့ နေရာမှာဖြစ်လို့ ပြည်သူတွေရဲ့ ဘ၀တွေ မလုံခြုံတော့ဘူးလို့ ခံစားရ တယ်” ဟု ဒေါင်းငူရပ်ကွက်နေ ဦးမောင်မောင်သန်းက ပြောသည်။၎င်း၏အဆိုအရ မေလ ၁၅ ရက်က ရွှေဝယ်သီရိ ကလေးကစားကွင်းအနီး သူ့ဇနီးသည် အကင်ဝယ် နေချိန်တွင် ဆွဲကြိုးဖြတ်လုခံရပြီး ဆွဲ ကြိုးအပိုင်းအစ တစ်ခုပါသွားခဲ့သည်။
မေလ ၁၅ ရက်ညတွင်ပင် ပခုက္ကူ ကျောင်း အမြောက်ဘက်ဝင်ပေါက် အရှေ့ လမ်းတွင် ဖခင်နှင့်အတူ လမ်းလျှောက် ပြန်လာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို ဆိုင်ကယ်ပေါ်မှ လုယူခဲ့သော် လည်း နားရွက်ဖြင့်ငြိကာ ပါမသွားခဲ့ ကြောင်း ကာယကံရှင်ထံမှ သိရသည်။
လူသူစည်ကားသည့် နေရာများနှင့် ကလေးကစားကွင်းတစ်ဝိုက်တွင် ယူနီ ဖောင်းဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် များအား တာဝန်ပေး ချထားသင့်ကြောင်း ဦးမောင်မောင်သန်းက ပြောသည်။
အဆိုပါ ဆိုင်ကယ်စီးဆွဲကြိုးဖြတ် သူများအား စုံစမ်းနေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။