မွန်ပြည်နယ်လွှတ်တော်သို့ တစ်ရက်တိုင်စာ ၂၀ ကျော်နှုန်းရောက်

0
451

မွန်ပြည်နယ် လွှတ်တော်သို့ မေလ အတွင်း ပြည်သူလူထုထံမှ တစ်နေ့လျှင် တိုင်ကြားစာ အစောင် ၂၀ ကျော်နှုန်း ရောက်ရှိနေသည်ဟု မွန်ပြည်နယ် လွှတ် တော်ရုံးထံမှ သိရသည်။ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် ပထမပုံမှန်အစည်းအဝေး စတင်ခဲ့ သည့် ဖေဖော်ဝါရီ ၈ ရက်မှစပြီး လွှတ် တော်က ပြည်သူ လူထုထံမှ ရေးသား ပေးပို့သည့် တိုင်ကြားစာများကို လက်ခံ ခဲ့ကာ မေလမှစပြီး တိုင်ကြားစာ ပိုများ လာသည်ဟု မွန်ပြည် လွှတ်တော် ဒု-ဥက္ကဋ္ဌက ပြောသည်။


” ဒီလမှာ ပိုများလာတယ်၊ ပြီးခဲ့တဲ့ လတွေကဆို တစ်နေ့ ၄၊ ၅ စောင် လောက်ပဲ အဝင်ရှိတယ်” ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။လွှတ်တော်ရုံးသို့ ရောက်ရှိလာ သည့် တိုင်ကြားစာ အများစုသည် ယခင် အစိုးရလက်ထက်က ဖြစ်ပျက်ခဲ့သည့် လယ်ယာမြေပြဿနာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပေါ် မကျေနပ်သည့် တိုင်ကြားစာ အများဆုံး ပါဝင်သည်ဟု ၎င်းက ပြောသည်။
တိုင်ကြားစာ အများစု ကိုလည်း လွှတ်တော်မှ စိစစ်နေပြီး ဧပြီလကုန်အထိ တိုင်ကြားစာ စောင်ရေ ၁၆၅ စောင် ရောက်ပြီးဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။တိုင်ကြားစာများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရေးရာကော်မတီတို့က ကွင်းဆင်း စိစစ် ဖြေရှင်း ပေးသွားမည် ဖြစ်ပြီး ကွင်းဆင်း စိစစ်မှု ရလဒ်အပေါ် အခြေခံကာ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံးတို့နှင့် ညှိနှိုင်း တိုင်ပင်ကာ ဖြေရှင်းပေးသွားမည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင် အိက ပြောသည်။
ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည် နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြား လာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့သည်ဟု ပြည်နယ် လွှတ်တော် ရုံးထံမှ သိရသည်။အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြား စာ ၃၇၀ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့ သည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ် တော် မှတ်တမ်းအရ သိရသည်။