ကော့သောင်းမြို့ပေါ် ၄ ရပ်ကွက် ရေပေးဝေရေးအတွက် ကျပ်သန်း ၂၈၀ ကျော် သုံးမည်

0
377

ကော့သောင်းမြို့ပေါ် ၄ ရပ်ကွက် ရေပေးဝေရေးအတွက် ကျပ် သန်း ၂၈၀ကျော် သုံးစွဲမည်ဖြစ်ကြောင်း ကော့ သောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး ဦးစီးဌာနမှ သိရသည်။


ယင်းစီမံကိန်းအား ၈ လအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကာ ယင်းဝါရေလှောင်တမံ တိုးချဲ့ခြင်း၊ မြေထိန်း နံရံပြုလုပ်ခြင်း၊ သဲရေစစ်ကန် ပြုလုပ်ခြင်း၊ ရေသန့်စု ကန်ဆောက် လုပ်ခြင်း၊ ရေပန့်စက်ရုံနှင့် ရေလှောင် ကန်များ တည်ဆောက်ခြင်း တို့ပါဝင် သည်ဟု အထက်ပါ ဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းအား Road Master ကုမ္ပဏီမှ တာဝန်ယူ တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးပါက မြို့နယ် စည်ပင်သာယာရေး ကော်မတီ သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အထက် ပါ ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။
ရေဂါလံ ခြောက်သောင်းဆန့်သည့် ရေလှောင်ကန်များအား ငါးသုံးလုံး တောင်၊ ဘုရင့်နောင်ကုန်းနှင့် အောင်တော်မူ စေတီ အနီးတို့တွင် တည်ဆောက်သွား မည်ဖြစ်ပြီး အဆိုပါကန်များသို့ ယင်းဝါ ရေလှောင်တမံမှ သန့်စင်ပြီးထွက်လာ သည့်ရေများအား နေ့စဉ်ပို့သွားမည်ဟု သိရသည်။
အေးရိပ်ငြိမ်၊ အောင်သုခ၊ ဘုရင့် နောင်နှင့် အဏ္ဏဝါရပ်ကွက်တို့အား ရေပေးဝေသွားမည်ဖြစ်ပြီး တစ်ရက်ကို ရေဂါလံ ၂၃၆၇၂၀ ပေးနိုင်မည်ဖြစ်ကာ လူဦးရေ ၁၁၈၃၆ ဦးခန့်ရေ သုံးစွဲနိုင် မည်ဟု မြို့နယ် ကျေးလက်ဦးစီးဌာန မှသိရသည်။